အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း
Chapter.16.
အနီရောင်လက်ပြတ်ဂါဝန်လေးကိုဝတ်ထားတဲ့သူမ စံရိပ်ငြိမ်ဟိုတယ်ကိုစောစောရောက်လာခဲ့တယ်
အခန်း208
သူမရပ်တန့်ပြီးအခနး်ရှေ့မှာခနရပ်လိုက်မိတယ်
သူမဝင်သင့်ပေမဲ့ စိတ်ထဲမှာလေးလံနေသလိုပဲ
မိန်းကလေးတစ်ယောက်ရဲ့အာရုံခံနိုင်စွမ်းကအရမ်းကောင်းတယ်
လိုလိုမယ်မယ် သူမဖုန်းဖွင့်ကာrecordလုပ်ထားလိုက်တယ်
"ဒေါက်ဒေါက်"
"ကလစ်"
တံခါးလာဖွင့်ပေးတဲ့သူက သူရိန်ဦးကိုယ်တိုင်ပဲ အရက်တွေသောက်ထားပြီမွန်ထူနေတဲ့ပုံက သူမကိုမျက်မှောင်ကြုတ်မိစေတယ်
"ချို"
ရစ်မူးဖွယ်ရာသူခေါ်တယ်
အရင်ကတော့ အဲ့လိုလေသံပျော့ပျော့လေးနဲ့ဆိုရင် သူမဘာမဆိုလိုက်လျောဖို့အဆင်သင့်ရှိပြီးသား ဘာမဆိုပေးအပ်ဖို့အဆင်သင့်ရှိပြီးသား
အခုတော့ရွံ့စရာကောင်းလိုက်တာ
"အထဲဝင် လာ "
သူမအခန်းထဲဝင်လိုက်တယ်
အခနး်ကကျဉ်းတယ်ဆိုပေမဲ့ ရေချိုးခန်းရယ် အနဲငယ်ကျယ်တဲ့ အိပ်ခန်းရယ်ကြောင့် သိပ်တော့ဆိုးရွားမနေဘူး
"ချို ကိုယ်လက်ထပ်ရတော့မယ် မင်းပျော်နေလားဟင် "
"ဘာလို့ခေါ်တာလဲရှင်းရှင်းပြော"
"ကိုယ်လေ မင်းတစ်ယောက်ထဲကိုပဲချစ်ခဲ့ဖူးတာ ကျန်တာတွေကအလုပ်သဘောအရတွဲခဲ့တာချည်းပဲ စံပယ်ကိုလဲကိုယ်မချစ်ဘူး ဒါပေမဲ့ အခုသူတို့ကကိုယ့်ကိုဖိအားပေးပြီးယူခိုင်းနေပြီ ကိုယ်ဘယ်လိုလုပ်ရမလဲဟင် ချိုကိုယ်တို့ခိုးပြေးကြရအောင်လေ လိုက်မယ်မလားဟင် "
သူရိန်ဦးဆိုတဲ့အကောင်ရဲ့မျက်နှာကိုဖိနပ်နဲ့ရိုက်ပစ်ချင်တဲ့စိတ်ကိုမနဲချိုးနှိမ်ထားရတယ်
"နင်ရူးနေလား သူရိန်ဦး ငါ့ကိုဘဝပျက်အောင် ငါ့အမေသေအောင်လုပ်ခဲ့တဲ့နင့်ကိုငါကကြိုက်ဦးမယ်ထင်နေလား မုန်းတာ နင့်ကိုငါမုန်းတာ သိရဲ့လား"
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...