အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း
Chapter.13.
"မပြောတော့နဲ့ ကျွန်တော်သူမကိုပဲလက်ထပ်မှာ "
"သားရယ် ကြိုက်စရာမိန်းကလေးအဲ့လောက်ရှားရလား တခြားမိန်းကလေးကိုကြိုက် အမေလက်ခံနိုင်တယ် အခု အဲ့လိုပျက်စီးနေတဲ့မိန်းကလေးကိုမှ လက်ထပ်ချင်တယ်ဆိုတော့ အမေ့ရင်ကိုခွဲနေတာလားသားရယ် "
"ဟုတ်ပါတယ်သားရယ် သား ဆောင်းနှင်းလေးကိုပြန်လက်မခံဘူးဆိုရင်လဲ အန်တီ့အသိတွေထဲမှာ ရိုးသားတဲ့အပျိုလေးတွေအများကြီးရှိတယ် သူတို့နဲ့မင်္ဂလာဆောင်ရင် အန်တီကလက်ဖွဲ့အနေနဲ့မင်္ဂလာဆောင်စရိတ်ပေးမယ် အဲ့မိန်းကလေးကိုလက်လွတ်လိုက်ပါကွယ်"
သူတကယ်မသိတော့ဘူး
သူတသက်လုံးယုံကြည်ထားခဲ့တဲ့အမှန်တရားတွေက လွဲမှားကုန်ပြီလားဆိုတာ
သူမဘက်က ဘာမှမပြောပဲငြိမ်နေသလောက် သူမိသားစုဘက်က ခါးခါးသီးသီးဖြစ်နေကြတယ်
စကားများများပြောတဲ့သူထက် စကားနဲနဲပြောတဲ့သူကပိုယုံရတယ်တဲ့
သူအခုတော့ချောင်ပိတ်မိနေပြီ
"ကျွန်တော်ဆုံးဖြတ်ချက်ကအတည်ပဲ"
"ခေါင်းမာလိုက်တာသားရယ် "
"ဟုတ်တယ် ကိုလေး အဲ့မိန်းမရန်ကုန်တခါဆင်းလာသေးတယ် ပါးစပ်ကထွက်တာအလိမ်အညာတွေချည်းပဲ မျက်နှာလေးကလှသလောက် စိတ်ကတော့အရမ်းယုတ်မာတယ် ပြီးတော့ ကိုလေးရယ် အဲ့လိုမိန်းမကိုဘာမက်စရာရှိလို့လဲ ကိုလေးကိုကြိုက်နေတဲ့မီးရဲ့သူငယ်ချင်းတွေအများကြီးရှိတယ် ခေါင်းခေါက်ပြီးတော့သာရွေးလိုက်တော့ အဲ့မိန်းမက မီးယောင်းမဖြစ်ပြီးဒီအိမ်ထဲဝင်လာမှာကိုမီးလုံးဝမကြိုက်ဘူး "
ပြသနာထင်သလောက် မသေးဘူး
ပိုလဲခက်လာတယ်
သူမကတစ်ယောက်ထဲ
သူသာမကာကွယ်ရင် သူမအရမ်းဝမ်းနည်းနေမှာ
"အမေတို့အရမ်းကန့်ကွက်နေကြရင်လဲ သားဒီအိမ်ကထွက်သွားမယ် သားမင်္ဂလာပွဲကိုအမေတို့တက်စရာမလိုဘူး "
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...