"ညို ကျွန်မမေးနေတယ်လေ။ အဲ့ဒါတကယ်လားလို့"
"ဒါ အဏ္ဏဝါငယ်ငယ်တုန်းက ပုံပဲ။ အများကြီးပဲ ညိုတစ်ပုံယူသွားလို့ဖြစ်လား"
သခွါးသီးလှီးနေတဲ့နေရာကနေ အိမ်နံရံက ဓာတ်ပုံတွေကြည့်နေတဲ့ ညို့အနောက် ဓားကြီးကိုင်ပြီး တကောက်ကောက်လိုက်ရတာအဆင်မပြေ။ သူမ ပုံစံက လူသတ်တော့မယ့်လူတစ်ယောက်နှယ်။ ညိုကတော့ဖြင့် လက်နှစ်ဖက် ခါးနောက်ပစ်လို့ ဓာတ်ပုံတွေကိုစေ့စေ့ကြည့်နေတယ်။
"ညိုသိပါတယ်ကွယ် အဏ္ဏဝါ ဘာကိုမှသိပ်ပြီးမမှတ်မိဘူးဆိုတာ"
အဲ့စကားအဆုံးတော့ သူ့ဆီလှမ်းနေတဲ့ခြေလှမ်းတွေရပ်သွားတယ်။ အဏ္ဏဝါ့ရဲ့ချို့ယွင်းချက်က ဖြစ်ပြီးသားကိစ္စတွေကို အတိအကျမမှတ်မိနိုင်တာ၊ တချို့အရာတွေဆို ဝိုးတဝါးတောင် မမှတ်မိနိုင်တာ။ အချို့အရာများကျလည်း သေသေချာချာမှတ်မိပါသည်။ ဥပမာ စျေးထဲက သစ်သီးသည်အဒေါ်ကြီးရဲ့ပုံစံကို မှတ်မိနေပုံမျိုးပေါ့။ မေမေပြောတာကတော့ မွေးရာပါချို့ယွင်းချက်ပါပဲတဲ့။ ထိုစကားကို ညိုနဲ့မတွေ့ခင်အထိ လက်ခံနိုင်ခဲ့သည်။ အခုတော့မဟုတ်တော့ပေ။ ညိုသိခဲ့တဲ့ သူမရဲ့ဘဝကို သူမကိုယ်တိုင်က မမှတ်မိနေတဲ့အဖြစ်ကြီး အဏ္ဏဝါမလိုချင်။ ။
"မေမေ အကုန်အဆင်သင့်ဖြစ်ပြီ"
အိမ်ရှေ့က မေမေ့ကိုလှမ်းအော်ပြီး အဏ္ဏဝါ မီးဖိုချောင်ဆီ ပြန်ဝင်လာလိုက်သည်။ ညို့အနားမှာနေရတာ ကြာလာရင် တုတ်တုတ်မလှုပ်နိုင်တဲ့သားကောင်တစ်ကောင်လိုဖြစ်သွားမှာပဲ။ ညိုကကြောက်ဖို့ကောင်းတယ်။ သိလား .. ညိုက သိပ်ကြောက်ဖို့ကောင်းတယ်။
"ခင်ညိုက မြန်မာအသုပ်တွေသိပ်ကြိုက်တာ။ ညို့ဖေဖေနဲ့ တွေ့တိုင်း မြန်မာအစားအစာပဲချက်ကျွေးတာမလား"
အဏ္ဏဝါ ဖေဖေ့ကတ်ဆတ်ထဲကအခွေကိုထုတ်လိုက်သည်။ ညိုကတော့ ဧည့်သည်ထိုင်ရာခုံမှာပဲ စောစောက သူ မဟုတ်သလို တည်တည်ငြိမ်ငြိမ်ထိုင်နေသည်။ ခြေတစ်ဖက်ကို လွှဲထိုင်ထားရင် ညိုဟာ ပင်တိုင်စံမင်းသမီးတစ်ပါးဟန်ရှိသည်။
ထမိန်အနားစကလေးပင့်တက်နေလို့ အနည်းငယ်မျှပေါ်လာတဲ့ ညိုလွင်လွင်ခြေသလုံးသွယ်သွယ်ကအစ ကြည့်လို့လှသည်။
YOU ARE READING
ညို