သေဆုံးနေသော ကန္တာရတစ်ခုကို ညို့မျက်ဝန်းများထဲ၌ အတိုင်းသားမြင်နေရသည်။ ညိုဟာ ရုပ်သေးကြိုးပြတ်တစ်ခုနှယ် ကြမ်းပြင်ပေါ်၌ ထိုင်ချ၍ မလှုပ်မရှက် တည်ရှိနေသည်။ ဒေါ်ခင်ညို၏ တရှုံ့ရှုံ့ငိုသံက မာယာ့ကို ဝမ်းမနည်းစေနိုင်။ ညို့ရဲ့မျက်ဝန်းသေတွေကတော့ နက်လွန်းတဲ့ မရဏချောက်ကမ်းပါးကြီးပါပဲ။ လက်သီးကို ခပ်ဖွဖွဆုပ်ထားမိသည်။ တုန်ယင်ချင်နေသည့် သွေးကြောများကို ထိန်းချုပ်ထားရသည်။ ညို့ကို ညိုဟု ခေါ်လိုက်ဖို့ရန်ပင် ဝမ်းနည်းနေမိသည်။
"အန်တီ တော်တော်အတ္တကြီးတဲ့မိခင်ပဲ"
မနေနိုင်သည့်အဆုံး၌ ထိုင်ခုံတွင်ထိုင်ချကာ မာယာနွယ် ပြောလိုက်မိသည်။ ကြမ်းပြင်ပေါ်၌ ညိုတို့သားအမိ မျက်နှာချင်းဆိုင်ထိုင်နေသည်။ ညိုကတော့ ဘယ်ကိုမှမကြည့်။ တစ်နေရာရာကိုကြည့်နေသော်လည်း မည်သည့်အရာကိုမှ သူမြင်နေရမည်မဟုတ်ကြောင်း မာယာသိသည်။
"မနေ့တစ်နေ့ကမှ ပေါ်လာပြီး ငါ့သမီးရဲ့ဘဝထဲကို စွက်ဖက်တာတွေ မလုပ်ချင်စမ်းပါနဲ့။ ငါနဲ့ငါ့သမီးရဲ့ နာကျင်မှုတွေကို ငါတို့အသိဆုံးပါ"
"မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ဒီမိန်းမက ရှင့်ထက် တယောညိုကို ပွေ့ဖက်နှစ်သိမ့်ပေးဖူးတယ် ဒေါ်ခင်ညိုရဲ့!!"
မာယာ့အပြော၌ ညိုက ခပ်ဖြည်းဖြည်းလှမ်းကြည့်ကာ ခေါင်းခါပြနေသည်။ ယုံစမ်းပါ .. ညို့မျက်ဝန်းထဲက မျက်ရည်တွေက အဆိပ်တွေပါပဲ။ မြင်ရုံနဲ့တင် သေဆုံးပစ်ချင်လာရတယ်။ တဆတ်ဆတ်တုန်ယင်ချင်နေတဲ့ ညို့နှုတ်ခမ်းတွေ။
"ညို။ မေမေပြောတာကိုနားထောင်။ ဒီလိုအချစ်မျိုးက ဘယ်လောက်ခံနိုင်မှာမို့လို့လဲသမီးရယ်"
"ဟင့်အင်း .."
သူ့ပါးပြင်သို့ လှမ်းလိုက်သော ဒေါ်ခင်ညို၏ လက်ဖဝါးတစ်ဖက်ကို ညိုက ခပ်ယဲ့ယဲ့ရှောင်တိမ်းသည်။ ညို ငိုမနေပါ။ သို့သော် သိသာထင်ရှားစွာ ပြိုလဲနေပါသည်။
"ညို ဘယ်လဲ"
ရုတ်ခြည်း ထရပ်၍ အိမ်ရှေ့သို့ထွက်သွားနေသည့်ညို့ကို သူမ အလျင်အမြန်မေးရသည်။
VOUS LISEZ
ညို