အခန်း - ၁၂

41.3K 3.5K 183
                                    

"သိလား .. ညို့ကို ကျွန်မ ချစ်တယ် လို့"

ညို့လက်တွေက ကားစတီယာရင်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ်။ ညို့မျက်နှာမှာ ပြုံးရိပ်ကိုမတွေ့ရတည်းက ဒီခရီးဟာ ပန်းခင်းလမ်းမဟုတ်တော့တာကို အဏ္ဏဝါအလိုလိုသဘောပေါက်သွားရပါတယ်။

"ညို ဘာပြောခဲ့သလဲ။ ခပ်ဖြေးဖြေးပဲသိသွားရအောင်လို့ ပြောခဲ့တယ်မဟုတ်လား"

ညိုက သူမကိုမကြည့်။ အရှေ့လမ်းကြားကိုသာ အဓိပ္ပါယ်မဲ့ငေးကြည့်နေတယ်။ ညို့ရဲ့ တုန်လှုပ်မှုတစ်ချို့ကို ခံစားလို့ရနေသားနဲ့ ညိုက ဘာမှမဖြစ်ချင်ယောင်ဆောင်နေတာ။ ဒါကိုလည်းသိတယ်။

"သိမှာပါ။ သိမှာ။ ဒါပေမယ့် ကျွန်မ ဒီထက်ပိုပြီး မကွယ်ဝှက်ထားနိုင်တော့လို့ညို"

"မင်းမသိသေးတာတွေအများကြီးကျန်သေးတယ်။ ဒါတောင် ချစ်တယ်လို့ ကောက်ချက်ချတာ မစောလွန်းဘူးလားဟင်။ ပြီးတော့ အဏ္ဏဝါ့အသက်ကဖြင့်"

"အသက်ငယ်တိုင်း အရင်ဖွင့်မပြောရဘူးလား"

"အို မဟုတ်ပါဘူး။ အဲ့လိုမဆိုလိုပါဘူး။ ဘာလို့ ညို့ကိုဘက်တိုက်နေရတာလဲ"

"ဘက်တိုက်တယ်လို့ ညိုဘာလို့မြင်ရတာလဲ။ ညို့ကိုကျွန်မ ချစ်မိသွားတယ် ရှင်းရှင်းလေးပဲလေ"

ညိုက သက်ပြင်းယဲ့ယဲ့လေးချတယ်။ သူ့အလှတွေပဲ့ပါသွားမလိုဟန်နဲ့။ ဒီမိန်းမကိုမှ ချစ်မိတာ။ ဒီ့ထက်ဆိုးတာမရှိတော့ဘူး။

"ကျွန်မကိုဘာလို့နေ့တိုင်းလာတွေ့လဲ။ ဘာလို့ သူများနဲ့မတူအောင် ဆက်ဆံလဲ။ ညို့ဘက်ကဘာလို့ဒီလိုတွေလုပ်နေလဲဆိုတာအဖြေရှာရင်းနဲ့ကို ညို့ကို ကျွန်မချစ်မိတာ"

လက်ထဲက နှင်းဆီပန်းကို ခပ်တင်းတင်းကိုင်ထားလို့ လက်ဖဝါးတွေ ဆူးတက်လာတယ်။

"အဏ္ဏဝါ စိတ်မဆတ်နဲ့ကွယ်။ လက်တွေနာမယ်"

အခုတော့လည်း အဏ္ဏဝါ့လက်ဖဝါးကို ဆွဲဖယ်ပြီး နှင်းဆီပန်းကို လုယူလိုက်တဲ့ညို။

"ဒါဖြင့် ကျွန်မအခု အငြင်းခံလိုက်ရတာပေါ့"

ညိုဘာမှမဖြေ။ တယောညို။ ဒီမိန်းမ။

ညိုWhere stories live. Discover now