အခန်း - ၃၈

36.3K 3K 473
                                    

"နိုးပြီလား ညို"

နားထဲ၌ ကားများသွားနေသံကို အရင်ကြားရပြီးနောက် ချစ်ရသည့်မိန်းကလေး၏အသံကိုပါ ကြားလိုက်ရသဖြင့် ညို ခပ်ဖွဖွပြုံးလိုက််မိသည်။ မျက်လုံးများကို သေချာဖွင့်ကြည့်တော့ ခုတင်ဘေးရှိ စာကြည့်ခုံ၌ထိုင်နေသည့်အဏ္ဏဝါ။

"ဘယ်နနာရီရှိပြီလဲလိပ်ကလေး"

"မနက်ရှစ်နာရီရှိပြီညို"

"နည်းနည်းနောက်ကျနေပြီပဲ"

"ရပါတယ်။ ညိုအိပ်ချင်သေးရင်ဆက်အိပ်လေ"

အဏ္ဏဝါက စားပွဲခုံပေါ်လက်ထောက်ကာ ညို့ကိုကြည့်ရင်း ပြောသည်။

"မင်း ဘယ်အချိန်တည်းက နိုးနေတာလဲ"

"လွန်ခဲ့တဲ့ နှစ်နာရီလောက်ကထင်တယ်။ ညို့ကိုထိုင်ကြည့်နေတာ။ ကြည့်လို့လည်းမဝဘူး ဘယ်လိုလုပ်ရမလဲ"

စကားနည်းတဲ့လိပ်ကလေးက အရင်လိုမဟုတ်တော့ပေ။ ညို့ကို သူကျီစယ်လျှင်၊ ညိုကသူ့ကိုကျီစယ်သည်ထက် အဆပေါင်းများစွာ သာပါသည်။

"ပြောသားပဲ ညို့ကိုဖွက်ထားပါလို့"

ညို ရယ်ပြုံးရင်းပြောတော့ အဏ္ဏဝါက ဟက်ခနဲရယ်ချပြီးသူ့ဆံပင်များကို သပ်သည်။ စစဆုံတုန်းက ဂုတ်ထောက်နေတဲ့ဆံပင်လေးဟာ အခုတော့ အများကြီးရှည်လာပြီပဲ။ အဏ္ဏဝါက ထိုင်ခုံမှထကာ ညို့ဘေး၌ ဝင်လှဲသည်။ ထို့နောက် ညို့ခါးသို့ ခပ်တင်းတင်းဖက်၍ ညို့ပခုံး၌ မျက်နှာအပ်သည်။

"ကံ့ကော်နံ့လေး အမြဲရနေအောင် ဘယ်လိုများလုပ်လဲဟင်။ ညိုတို့အိမ်ကို ပထမဆုံးစရောက်ပြီး ညိုပြန်လိုက်ပို့တည်းက ကားထဲမှာအဲ့အနံ့ကိုရတာ"

ပြောလည်းပြောရင်း အဏ္ဏဝါက ညို့ပခုံးကို တရှုံ့ရှုံ့နမ်းနေသည်။

"အင်း။ မင်းကိုမြူဆွယ်ဖို့လေ တမင်သုံးထားတာ"

ညို စနောက်ပြောတော့ အဏ္ဏဝါက ဆတ်ခနဲမော့ကြည့်သည်။ ရှည်လျားလှသော ထိုမျက်တောင်ဖျားများမှာ ညိုအချစ်ဆုံး အဏ္ဏဝါ့၏ အစိတ်အပိုင်းကလေးပင်။

"ညို ကျွန်မကို ညက အတင်းဖက်အိပ်ထားတာ လက်မောင်းတွေတောင်နာနေတယ်"

ညိုWhere stories live. Discover now