အခန်း - ၃

51K 4.2K 311
                                    

"ညို လာခေါ်မှာမေမေ"

"ကောင်းတာပေါ့။ ဘယ်အချိန်ပြန်လာမှာလဲသမီး"

ဂုတ်ထောက်နေတဲ့ ဆံပင်တွေကို ဟိုဟိုဒီဒီပြင်ရင်းမှန်ထဲကတဆင့် မေမေ့ကိုကြည့်မိသည်။ မေမေကတော့ ဘယ်အချိန်ကြည့်ကြည့် သနပ်ခါးပါးကွက်ကလေးနဲ့ အမြဲလှနေတာပဲ။ ဒါကြောင့်ပင် ဖေဖေဟာ အသည်းအသန်စွဲလမ်းခဲ့ရတာဖြစ်နိုင်သည်။

"အင်းးး ရုပ်ရှင်ကြည့်ပြီး ခဏလောက်ပဲကြာမှာပေါ့မေမေ။ အရမ်းမကြာပါဘူး"

နှုတ်ခမ်းနီခပ်ပါးပါးဆိုးနေသည့် သူမကို မေမေဟာ ခပ်စေ့စေ့ကြည့်နေသည်။ ဖေဖေကတော့ ရုံးသွားပြီ။ ယနေ့ Tutorial ရှိသော်ငြား အဏ္ဏဝါသည် ညို့ကို ကတိပေးနှင့်ပြီးပြီ။

တီ..တီ...

"ဟော ကားဟွန်းသံပဲ။ ညိုရောက်လာပြီထင်တယ်"

အဏ္ဏဝါ့အခန်းထဲမှ မေမေ ခပ်သုတ်သုတ် ထသွားသည်။ မှန်ထဲတွင်မြင်နေရသည့်မိမိကိုယ်ကို သေသေချာချာပြန်ကြည့်လိုက်ရသည်။ ရာသီဥတုပူသော်လည်း ညို့ကားဖြင့်သွားရမည်ဖြစ်တာကတစ်ကြောင်း၊ ရုပ်ရှင်ရုံထဲ၌လည်း အေးနေမည်မို့ သူမ လက်ရှည်နှင့် ဂျင်းဘောင်းဘီအရှည်ကိုသာ ဝတ်သည်။ ထီးအဝါရောင်ကိုယူ၍ အိမ်ရှေ့သို့ထွက်သည်။

"အန်တီယိင်းကဖြင့် ပိုလှတာပါရယ်။ ညိုတော့ လက်မြှောက်အရှုံးပေးရမယ်"

ရယ်သံသွေး၍ ပြောသည့် ထိုဟန်ပန်။ ညိုသည် သူ့ဆံနွယ်ကောက်ကလေးများအား လျှော်လာဟန်ရှိသည်။ အင်မတန်လှပါသည်။ အင်္ကျီရင်ဖုံးနှင့် ထမိန်သည် ဝမ်းဆက်။ ကျစ်လျစ်သောထိုခါးသွယ်သွယ်ကို မည်သို့သော အခွင့်ထူးခံလူကများ လက်ဖြင့် အသာနွယ်ခွင့်ရနိုင်မည်နည်း။ ညို့ခါးကို သိုင်းဖက်ထားမယ့် ယောက်ျားတစ်ယောက်ကို စိတ်ကူးဖြင့်ပုံဖော်ကြည့်တော့ ရင်ထဲ၌ပျို့သိပ်တက်လာသည်။

"အဏ္ဏဝါ လာလေကွယ်။ အန်တီ့ဆီက မုန့်ဖိုးမတောင်းခဲ့နဲ့။ ဒီနေ့ ညိုပဲ ဒကာခံပါ့မယ်"

"မဟုတ်တာညိုရယ် အန်တီပေးထားပြီးသားသူ့ကို"

"အကြာကြီးရှိမှ ပြန်ဆုံရတာလေအန်တီရဲ့။ ညိုတော့ အဲ့ကလေးမလေးကို သတိရနေခဲ့တာ"

ညိုDonde viven las historias. Descúbrelo ahora