"အဏ္ဏဝါ!!"
အနောက်နားဆီက အော်ခေါ်သံကို လျစ်လျူရှူ့ပြီး ခြေလှမ်းတွေကို ခပ်မြန်မြန်လျှောက်လိုက်သည်။ ညို အိပ်မက်ဆိုးမက်ထားလို့ ဝမ်းနည်းနေသည်ထင်ပြီး ဖေဖေ့ကိုတောင် ညာထွက်လာရတာ။ ညိုကတော့ ခန့်လင်းရောင်နဲ့ စကားရပ်ပြောနေနိုင်သည်တဲ့။ ဟိုကောင့်မျက်နှာဟာလည်း မှိုရထားတဲ့မျက်နှာနဲ့။
"အိုကွယ် မြန်လိုက်တာ။ ဒီမယ် ညို့ကိုကြည့်စမ်း"
ရုတ်တရက် သူမအနားကို အပြေးလေးရောက်လာပြီး လက်တစ်ဖက်ကို မရမက ဖမ်းဆွဲလာတဲ့ညို။ ခြေလှမ်းများကို တုန့်ခနဲရပ်ပစ်လိုက်ရသည်။ ညိုက အနည်းငယ် မောဟိုက်နေဟန်ရှိသည်။
"ကျွန်မ လွင့်အိမ်မှာသွားနေမယ်။ ရှင်က ခန့်လင်းရောင်နဲ့ပဲနေ"
ညို့ကိုမကြည့်တော့ဘဲ မျက်နှာလွှဲကာပြောတော့ ညိုက သက်ပြင်းတစ်ချက်ကိုပင် ချစ်စရာကောင်းအောင် ဟင်းခနဲ အသံပြု၍ချနေသည်။
"အဲ့ သူများသားက သူ့ဟာသူရောက်လာတာတော့်၊ ညိုကတော့ ဦးကျော်စွာနဲ့အန်တီယိင်းတို့ရဲ့သမီးကိုပဲ မျှော်တာပါတော် မယုံလည်းယုံ၊ ယုံလည်းယုံရမယ်"
ခါးတစ်ဖက်ကိုထောက်၍ ညိုက ထိုသို့ပြောလာသည်။
"စိတ်မဆိုးပါနဲ့ကွယ်။ သက်သက်မဲ့ သောကပွေမယ်။ ညိုတကယ်ပြောတာပါ မင်းကိုညာရက်မလား။ ကိုခန့်ကို မေမေပဲ ခရီးဦးကြိုပြုမယ့်လူရှိတယ် ညိုတို့အိမ်မှာ"
ညို့စကားကို မကျေမနပ်ဖြင့် ပေစောင်းစောင်းကြည့်လိုက်သည်။ မနက်ခင်း စောသေးပေမယ့် ဆိုင်ကယ်များ ဖြတ်သွားဖြတ်လာပြုနေသည့် လမ်းထဲ၌ သူမတို့ ယခုလို မတ်တပ်စုံရပ်ကာ ကြာကြာနေလို့မဖြစ်။
"လာပါ အိမ်ကိုအရင်သွားမယ်။ ညို့ကိုယုံ ဘာတွေပဲဖြစ်လာလာ ညို့ကိုပဲယုံပါကွယ်"
သူ့လက်တစ်ဖက်ကို အဏ္ဏဝါ့ဆီကမ်းရင်း ညိုပြောလာသည်။ ညို .. ထိုအမျိုးသမီးကို သူမ အလွန်ချစ်ပါသည်။ ညိုပေးသမျှဒုက္ခများကိုဆို ချိုမြိန်သည်ဟုတောင် ထင်မိလိမ့်မည်။ ထိုအထိ ချစ်ပါသည်။ သို့သော် ဘယ်သူနဲ့မှတော့ ညို့ကို အတူမတွေ့ချင်ပါ။ အထူးသဖြင့် ညို့ကိုတစ််ခါလက်ထပ်ဖူးထားတဲ့ ကိုခန့်လင်းရောင်နဲ့။
YOU ARE READING
ညို