အခန်း -၂၁

37.4K 3.3K 223
                                    

"ရေသွားချိုးတော့ သွား"

ညိုပြောလိုက်မှ ဆတ်ခနဲတုန်သွားတဲ့ အဏ္ဏဝါ။ သီချင်းသံတိတ်သွားတာမို့ စိတ်ထဲအနည်းငယ်ဝမ်းနည်းသည်။ စိတ်လွတ်ကိုယ်လွတ် ကလိုက်ရသည်မို့ ပျော်လည်းပျော်သည်။ တစ်ပြိုင်နက်တည်း ဝမ်းလည်းနည်းသည်။

"ညိုကတာ အရမ်းလှတယ်"

အဏ္ဏဝါက သူ့လက်ချောင်းဖြူဖြူလေးတွေနဲ့ ညို့ပါးကို ဖြတ်ခနဲဖြစ်ညှစ်ပြီးမှ ရေချိုးဖို့ သွားတယ်။ ဂါဝန်စကို သိမ်းကျုံးဆွဲယူလို့ ခုတင်ဘက်ကိုလျှောက်တော့ ရင်ဘတ်ထဲ ဆို့နင့်လာသည်။ ခုတင်ပေါ်၌ ခပ်ဖြည်းဖြည်းပဲ ထိုင်ချလိုက်ရသည်။ ညို့နားထဲလည်း တယောသံတွေညံနေသည်။

ညို့ကို တစ်စုံတစ်ယောက်က တကယ်ချစ်တယ်ဆိုတဲ့ခံစားချက်နဲ့ ညိုက တစ်စုံတစ်ယောက်ကို ချစ်မိပါပြီဆိုတဲ့ခံစားချက်က သိပ်ကြောက်စရာပဲ။ အဏ္ဏဝါကရော ညို့ကို ဒီအတိုင်း တပ်မက်စိတ်ထွေရောပြီး သဘောကျမိတာ မဖြစ်နိုင်ဘူးလား။ ညိုတော့ သူ့ကိုတကယ်ချစ်တယ်။ ညိုတော့ သူ့ကိုတကယ်ချစ်မိတယ်။ အသိစိတ်ကလေး ထားနေရက်နဲ့ ညိုတော့ သူ့ကို ချစ်ဖြစ်အောင်ကို ချစ်မိသွားတယ်။

'ကျွန်တော့်ကို သေစေချင်တာ ညို့ရဲ့ဆန္ဒလား'

ဖြတ်ခနဲ နားထဲပြေးဝင်လာသည့် အသံလှိုင်းသည် စိတ်နှလုံးသားကို ဆွဲခါပစ်သည်။ ညို မတ်တပ်ထရပ်ပြီး ပြတင်းတံခါးတွေကို ဆွဲပိတ်သည်။ စိတ်ကိုတည်ငြိမ်အောင် ခုတင်ခေါင်းရင်းက ပန်းချီကိုကြည့်သည်။

'ကျွန်တော့်အပြစ်ပါ။ ကျွန်တော်သေသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ညိုက သေစေချင်တာသိရတော့ ..'

"ဟင့်အင်း"

"ညို ဘာဖြစ်တာလဲ"

အဝတ်အစား တခါတည်းလဲပြီး ရေချိုးခန်းထဲကအထွက် အခန်းအလယ်မှာ မတ်တပ်စုံရပ်ပြီး သွေးပျက်သလိုဖြစ်နေတဲ့ညို့ကြောင့် အဏ္ဏဝါ့မှာ ထိတ်လန့်တကြားဖြစ်ရသည်။

"ညို ဘာဖြစ်လို့လဲ။ အဆင်ပြေရဲ့လား"

ညို့ကို ခေါ်သော်ငြား ညို့အသိစိတ်များ တည်ငြိမ်နေဟန်မရှိ။ ဒီပုံစံဖြင့်ညို့ကို တစ်ခါမှပင် မမြင်ခဲ့ဖူးချေ။

ညိုWhere stories live. Discover now