အခန်း - ၂၀

44.4K 3.6K 473
                                    

ညကောင်းကင်အောက်၌ ရွှေရောင်အတိဖြင့် တည်ရှိနေသော ကျိုက်ခေါက်စေတီတော်မြတ်ကြီးအား ခပ်ဝေးဝေးမှပင် ရှင်းလင်းစွာမြင်နေရသည်။ လျှောက်လမ်းတစ်လျှောက် တိုးကြိတ်နေရသည်မို့ ညို့လက်များအား အဏ္ဏဝါက တင်းကျပ်စွာ ဆွဲကိုင်ထားသည်။ ဟိုကလေးနှစ်ယောက်ကတော့ လူကောင်သေးသည့် သူတို့သူငယ်ချင်း လွင့်ကို အလယ်၌ထား၍ ဘေးတစ်ဖက်စီ၌ လက်မောင်းတစ်ဖက်စီကို ချိတ်ထားကြလေသည်။

"ညို အဆင်ပြေရဲ့လား"

မကြားမည်စိုး၍ နားဖျားသို့ကပ်၍မေးလာသော သူ့ကြောင့် ခေတ္တခဏ ကြက်သီးများထသွားသည်။ သို့သော် ဟန် ညို့ဖို့ မဟုတ်လား။

"အို ပြေတာပေါ့။ တယောညိုပဲဥစ္စာ"

လမ်းမ၏ဘေးတစ်ဖက်စီတွင် စျေးတန်းများဖြင့်သာ ပြည့်နှက်နေသည်။ ဆူညံပွက်လောရိုက်လွန်းလှသည်။ ဆောင်းဘောက်စ်ကြီးများဆီမှ ရောထွေးနေသည့်သီချင်းသံများ။ ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှင် ထိုဆိုင်တွင်ရောင်းသည့် ပစ္စည်း သို့မဟုတ် အစားအသောက်များ၏အနံ့ကို ညို ရသည်။ ယခုတော့ နှာဖျားသို့ဝင်လာသည့် တုတ်ထိုးအနံ့ကြောင့် မျက်မှောင်များကြုတ်ပစ်လိုက်ရသည်။ ဝက်သားတုတ်ထိုးကို ညို မကြိုက်။ ထိုအရာနှင့်တွဲဖက်စားသည့်အရည်ဆို ပိုလို့ပင်ဆိုးသည်။ ရှေ့လှမ်းလှမ်းတွင် လူအုပ်တန်းကြီးကြား၌ ပိတ်မိနေသည့် အိမ်စီးကားတစ်စီးကို တွေ့လိုက်ရသည်။ သိပ်မကြာဘူးဆိုလျှင်တောင် ဘုရားအလွန် အဏ္ဏဝါတို့ပန်းဆိုင်ရှေ့က ခုံးအဆင်းလေးကိုရောက်ဖို့တောင် အဲ့ကားပိုင်ရှင်အတွက် တစ်နာရီနီးနီးလောက်ကြာလိမ့်မည်။

"ညို ညို ဟိုမှာကြည့်စမ်း"

ဆွဲကိုင်ထားသည့်လက်ကို လှုပ်ယမ်း၍ ညို့မိန်းကလေးက တစ်နေရာရာသို့ လက်ညှိုးညွှန်ပြသည်။ သူညွှန်ရာသို့ကြည့်သည့်အခါ ရဟတ်ကြီးများကိုတွေ့ရ၏။ အဏ္ဏဝါ့မျက်ဝန်းများ အရောင်တောက်နေသည်။ ညအမှောင်အောက်တွင် ရဟတ်တွဲဆီမှ မီးရောင်စုံများက လှပလွန်းသည်။

"ဘာလဲ စီးချင်လို့လား။ မစီးဘူးနော် ညိုအမြင့်ကြောက်တယ်"

"ညိုကလည်း"

ညိုHikayelerin yaşadığı yer. Şimdi keşfedin