အခန်း - ၁၅

42.6K 3.5K 290
                                    

"အဏ္ဏဝါ အိမ်ပြန်လာတာ စောတာပဲ"

ဘယ်လိုပုံစံနဲ့ အိမ်အထိပြန်ရောက်လာလဲတောင် သူမ မသိ။ မေမေ့အသံကိုကြားမှ သတိဝင်သည်။ ဖိနပ်စင်ပေါ်ကိုတောင် ဖိနပ်မတင်နိုင်။ ထိုင်ခုံမှာထိုင်ပြီး ဖေဖေ့ပုဆိုးတစ်ထည်ကို အပ်ချည်နဲ့ချုပ်ပေးနေတဲ့ မေမေ့ဆီ အပြေးကလေးသွားမိသည်။

"ဘာဖြစ်လို့လဲ သမီး။ ကားမူးတာလား"

မေမေ့ထံမှ သနပ်ခါးနံ့ရသည်။ မေမေ့မျက်နှာက ပါးကွက်ကြားကလေးတောင် သေချာမခြောက်သေး။ မေမေ့ပုခုံးကိုအတင်းမှီတော့ မေမေက အပ်စူးမယ်ဟုဆိုတာ ပုဆိုးကိုရော အပ်ကိုပါ အရှေ့က ခုံပေါ်ခဏချသည်။

"မေမေ"

မေမေ့ကို ဘယ်လိုပြောရပါ့မလဲ။ ဘယ်ကစပြီးပြောရပါ့မလဲ။ သူ့သမီးက မိန်းမတစ်ယောက်ကိုချစ်မိတယ်ဆိုတာကိုလေ။ အဲ့မိန်းမရဲ့ အတိတ်ကိုတောင််မသိဘဲ လွန်လွန်ကြူးကြူး နင့်နင့်နဲနဲ ချစ်မိနေတယ်ဆိုတာကိုလေ။

"လွင့်အဘိုးရော ဘယ်လိုနေလဲသမီး"

မေမေက အဏ္ဏဝါ့လက်မောင်းတစ်ဖက်ကို ခပ်ဖွဖွပွတ်ပေးရင်းမေးသည်။ သက်ပြင်းချဖို့တောင် အသက်ကို လုံလောက်စွာ မရှိုက်မိနိုင်။

"ဘိုးဘိုးက သက်သာပါတယ်မေမေ"

"ဒါဖြင့် သမီးက ဘာဖြစ်လာတာလဲ။ လွင်လေးနဲ့ ရန်ဖြစ်လာတာလား"

အိမ်အနောက်မှ ထွက်လာသည့်ဖေဖေ့ကိုတွေ့ရသည်။ ဖေဖေလည်း ယနေ့ရုံးပိတ်သည်။ ဖေဖေကတော့ ပုဆိုးအနက်ကွက်နှင့် စွပ်ကျယ်တစ်ထည်ကို ဝတ်ထားပြီး လက်ထဲ၌ နာရေးမှကမ်းသည့် ယပ်တောင်တစ်ချောင်းကိုကိုင်ကာ အဏ္ဏဝါ့ဘေးခုံတွင် ဝင်ထိုင်သည်။

"ဘာဖြစ်နေကြလဲ သားအမိတွေ"

"မသိပါဘူး ဦးကျော်စွာမောင်ရေ။ မောင့်သမီးကို မောင်ပဲမေးကြည့်ပါဦး"

ဖေဖေ့ဆီမှ နေနံ့အနည်းငယ်ရသည်။ ဖေဖေက သူ့လက်ထဲကယပ်တောင်နဲ့ အဏ္ဏဝါနှင့်မေမေ့ကို ယပ်ခပ်ပေးပြီးနောက် အဏ္ဏဝါ့ပုခုံးကို တစ်ချက် ဖြတ်ခနဲပုတ်သည်။

"ဒီတိုင်း နည်းနည်း ကားမူးလာတာပါ"

"အကောင်းဆုံးကတော့ သီချင်းနားထောင်ရအောင် ဖေဖေ့ရေကလေးရေ။ မနေ့က ရုံးကမိတ်ဆွေက ကက်ဆက်တစ်ခု လက်ဆောင်ပေးမယ်ပြောတယ်ကွ"

ညိုDonde viven las historias. Descúbrelo ahora