အခန်း - ၄၁

34.3K 2.8K 329
                                    

သန်လျင်မြို့၏ ညနေခင်းမှာ ရပ်ကွက်ထဲတွင်တော့ လူခြေတိတ်လျက်ရှိသည်။ ကိုလွန်းခလာပေးသွားသော ငါးခူဟင်းချဉ်စပ်နှင့် တွဲဖက်စားရန်အတွက် ညို့မှာ အရည်ဟင်းတစ်ခွက်ကိုချက်နေရသည်။ မေမေနှင့်မမနွယ်ကတော့ ဧည့်ခန်း၌ထိုင်နေကြသည်။ စကားပြောလျှင်လည်း ပြောနေကြလိမ့်မည်။ မပြောလျှင်လည်း မမနွယ်က စစ်ကရက်ဖွာပြီး မေမေကတော့ တီဗီကြည့်နေလိမ့်မည်။ မုန်လာဥအဖြူအား ချက်သည့် ချဉ်ရည်ဟင်းကို သိပ်ကြိုက်လှသည်မဟုတ်သော်လည်း မေမေစားချင်သည်ပြောသောကြောင့် ချက်နေခြင်းပင်။ အသေအချာလှီးထားသော မုန်လာဥအပြားများနှင့် အရိုးအရွက်များကို နူးလာသည်အထိ အိုးအဖုံးပိတ်ကာ မီးဖိုချောင်ထဲ၌ပင်ရပ်၍ ညိုစောင့်လိုက်သည်။

နေ့လည်က အဏ္ဏဝါ၏ မမနွယ်အပေါ်ဆက်ဆံသည့်ပုံကို ညို တသသတွေးဖြစ်သည်။ သူမ၏လိပ်ကလေးဟာ သဝန်တိုနေတာမဟုတ်ဘူးလား။ သို့သော် ထိုထက်ပိုကြောင်း ညိုသဘောပေါက်ပါသည်။ မမနွယ်ကို သန်လျင်သို့ခဏလာရန်ခေါ်ခဲ့သည်မှာလည်း အကြောင်းပြချက်သိပ်မများပါ။ ညို့၏ အတိတ်များ၌ ခဏခဏ အနားယူဖူးခဲ့သည့်နေရာတစ်ခုဖြစ်ခဲ့သော ထိုလူအား အဏ္ဏဝါ့ကိုမြင်ဖူးစေ့ချင်သည်။ ဒီအတိုင်း .. မြင်ဖူးစေချင်ရုံသာ။ ထို့နောက်တော့ စီးပွါးရေးလေးတစ်ခုလောက်လုပ်ဖို့ ညိုစိတ်ကူးမိသည်။ သူမ အဏ္ဏဝါနှင့် အတူနေနိုင်ဖို့ဆို အလုပ်အကိုင်မရှိ ဖြစ်မနေသင့်ဘူးမဟုတ်ပါလား။ မေမေ့၏ အထည်ဆိုင်ကိုလည်း ဒီတိုင်း လက်လွှဲမယူလိုက်ချင်။ ညို ဘာဖြစ်ချင်သည်ကိုစဉ်းစားကြည့်သော်လည်း အကြံမထွက်ပါ။ ၂၇နှစ်လုံး အလုပ်မလုပ်ခဲ့သည့်မိန်းမ မဟုတ်လား။

ရေပွက်သံ တဗွက်ဗွက်က ကျယ်လောင်စွာထွက်လာသည်မို့ အတွေးစကိုဖြတ်ချကာ ဟင်းရည်အိုးကို ချလိုက်ရသည်။ ထို့နောက်တော့ ထမင်းစားဖို့ရန် ညိုပြင်ပါသည်။

"မနက်ဖြန် ဆိုင်ခန်းတွေသွားကြည့်ဦးမယ်"

ထမင်းကို တမြုံ့မြုံ့ဝါးရင်း မာယာက ပြောလာသည်။ မေမေကတော့ သူ့ထမင်းသူ ငုံ့စားနေသည်။ မာယာဟာ မည်သို့သောလူစားဆိုတာ ညိုတစ်ယောက်ပဲသိနေတာများလား။ လူတိုင်း မာယာ့ကိုနားမလည်နိုင်ဘူးလား။

ညိုWhere stories live. Discover now