အခန်း - ၁၃

41.5K 3.6K 160
                                    

မနက်ခင်းနိုးလာတော့ မေမေ့ဘုရားရှိခိုးသံကို အရင်မကြားရတဲ့အဆုံး ညိုနောက်ကျမှ နိုးလာတာ သတိထားမိသွားတယ်။ ဒီနေ့ဟာ စနေနေ့ပဲ။ အဏ္ဏဝါကျောင်းပိတ်တယ်။

"အို နင်တော့ခက်ချေပြီ မိတယောရေ"

ကိုယ့်ကိုကိုယ် ရှက်လာစိတ်နဲ့ ခြုံထားတဲ့စောင်ကို မျက်နှာအထိဆွဲတင်လိုက်တယ်။ ဆောင်းမနက်ခင်းမို့ စိမ့်နေအောင်အေးတာပဲ။ ညိုမထချင်ပေမယ့် မေမေ့ကို အုန်းနို့ခေါက်ဆွဲချက်ကျွေးဖို့ လိုအပ်တာလေးတွေ သွားဝယ်ရဦးမယ်။

ခပ်ဖြေးဖြေးထထိုင်ပြီး အညိုရောင်ခေါင်းအုံးဘေးနားက ခေါင်းစည်းကြိုးကိုလှမ်းယူလို့ ဆံပင်တွေကိုအရင်စည်းရတယ်။ ပြီးတဲ့အခါ အခန်းပြတင်းပေါက်ထဖွင့်တယ်။ အပြင်ဘက်မှာတော့ မြူဆိုင်းနေသေးပေမယ့် နေတော့ထွက်နေပြီ။ ကောင်းကင်ဆီတစ်ချက်မော့ကြည့်ပြီး ဖြတ်ခနဲပြုံးလိုက်တယ်။ ကောင်းကင်က ကြယ်ပြာကလေးတွေ မလာသေးပေမယ့် လှနေသားပဲ။

"ညိုရေ နိုးပြီလား"

"နိုးပြီမေမေ။ ရေချိုးပြီးရင် ညိုစျေးသွားပေးမယ်"

မေမေဘာမှပြန်မပြောလာပုံထောက်တော့ ဧည့််ခန်းက ခုံမှာထိုင်ပြီး ဘုရားစာအုပ်ဖတ်နေပုံပေါ်တယ်။ ကတ်ဆက်ဘေးနားမှာထောင်ထားတဲ့ နာရီဆီလှမ်းကြည့်တော့ မနက်၈နာရီပင်ရှိပြီ။ အခန်းထောင့်နားက အဝတ်လှန်းတဲ့စင်မှာ ရေလဲထမိန်တစ်ထည်ပဲရှိတယ်။ ဗီရိုထဲကနေ အဝါနုရောင်ဝတ်စုံတစ်ထည်ကိုဆွဲထုတ်ပြီး ကုတင်ပေါ်မှာတင်တယ်။ ပြတင်းပေါက်ကနေ နေရောင်က အခန်းထဲ ကျူးကျော်လာနေပြီ။ ဖုန်းကိုဖွင့်ပြီး သီချင်းတစ်ပုဒ်လောက်ရှာရတယ်။ Coldplay ရဲ့ 'Yellow' ကို မနက်ခင်းရဲ့အရောင်အဖြစ် ညိုရွေးမယ်။ အဲ့သီချင်းရဲ့ အရာအားလုံးဟာအဝါရောင်ဖြစ်ပြီး၊ ညို့အတွက်တော့ အရာအားလုံးဟာ အညိုရောင်ပဲ။

ညို့နာမည်ကြောင့်နဲ့ အညိုရောင် ကြိုက်မိတာမဟုတ်။ ညို အရောင်တွေရဲ့အလှတရားကိုသိချိန်တည်းက အညိုရောင်ကို ချစ်မိတာပဲ။ အညိုရောင်နဲ့တွဲရင် အရာရာက အတိတ် သို့မဟုတ် အနာဂတ်ဆန်တယ်ရယ်။ ညိုအဲ့လိုတွေးမိတယ်။

ညိုWhere stories live. Discover now