အခန်း - ၃၇

34.9K 3.1K 227
                                    

"ညို့ကို ထမင်းကျွေးပါဦးအန်တီယိင်း"

အဏ္ဏဝါ့အနား၌ ပေါက်ဖက်ကလေးလို တွယ်ကပ်နေသောညိုက မေမေ့ကို လှမ်းပြောသည်။ မေမေသည် သူမနှင့်ညို့ကို အပြုံးမျက်ဝန်းများဖြင့် ငေးကြည့်နေရင်းမှ ခေါင်းညိတ်ပြသည်။ ဖေဖေ အလုပ်မှပြန်မလာသေးပါ။ ညို့ကိုမြင်လျှင် ဖေဖေလည်း သိပ်ပျော်သွားလိမ့်မည်။ လွင်တို့သုံးယောက်သည်ပင် ညို့ကိုကြည့်၍ ငိုခဲ့ပြီးပြီ။

"လွင်ဘာပြောထားခဲ့သလဲ။ လွင့်သူငယ်ချင်းကို ပစ်မသွားပါနဲ့ဆိုတာ။ မမညိုကို ထုရိုက်ပစ်လိုက်ချင်တယ်နော်တကယ်"

ကြမ်းပြင်ပေါ်၌ အားရပါးရထိုင်ချထားသော လွင်က ညို့ကို ငိုသံပါကြီးဖြင့် လှမ်းပြောသည်။ စိုင်းနောင်နှင့်သူရိန်ကတော့ ယောက်ျားလေးများပီပီသသ ဘာမှဝင်မပြောသော်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်၊ သူမတို့ကိုကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။

"ဟင် ပစ်သွားတယ်လို့ကိုမတွေးခဲ့ပါဘူးကွယ်။ ညို ဒီအတိုင်း ခဏလောက်လေး ထွက်ပြေးတာပါ"

ပြောရင်းဖြင့်ပင် အဏ္ဏဝါ့ခါးကို ခပ်တင်းတင်းတွယ်ဖက်ကာ ရင်ခွင်ထဲသို့ ညိုက တိုးဝင်လာသည်။ ညို့ကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်၍ ညို့ပခုံးသို့ ဖွဖွယယ နမ်းရသည်။ ကံ့ကော်ရနံ့ကလေး အခုထိရစမြဲပင်။

"နေ့တိုင်းလိုက်ရှာနေခဲ့တာ။ နေ့တိုင်းပဲ"

အဏ္ဏဝါပြောတော့ ညိုက ခေါင်းကိုတဆတ်ဆတ်ညိတ်ပြသည်။

"သိပါတယ် ညိုသိပါတယ်။ ဒါပေမယ့် ညို့အတွက်လိုအပ်လို့ ခဏလောက်လေး .. ခဏလောက်လေးပါ"

"အန်တီခင်ညိုရော"

"မေမေ့ဆီ မသွားရသေးဘူး"

"ဟင်"

အဏ္ဏဝါ ညို့ထံမှ လက်များကိုရုတ်၍ ညို့ကို ခပ်စေ့စေ့ကြည့်မိသည်။ တကယ်ပင် မျက်နှာကလေး ချောင်ကျသွားသည့်ညို။

"မနက်ဖြန်မှ သွားမှာ။ ညို အများကြီးပြင်ဆင်လာတယ်။ ဒါကြောင့်ပါ။ ဒီည ဒီမှာပဲအိပ်မယ်နော် ရတယ်မို့လား"

"ရပါတယ်သမီးရယ်။ အန်တီလည်း အခြေအနေကိုရိပ်မိလို့ ခင်ညို့ကို ဖုန်းဆက်ဖို့တောင် သမီးကိုမေးမလို့ စောင့်နေတာ။ ဒီမှာ ထမင်းစားလိုက်ဦး"

ညိုWhere stories live. Discover now