အားလုံးပဲ စိတ်အဆင်ပြေပြေရှိနေကြရဲ့လားမသိပေမဲ့ ပြေနေကြဖို့ မျှော်လင့်ပါတယ်။ ဘယ်တော့မှ ထပ်မရေးတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ ညိုရဲ့ အခန်းဆက် သို့မဟုတ် အတိတ်အတိအကျကို ဟန်ဘာကြောင့် အကြာကြီးအကြာကြီးနေမှ ဆက်ရေးဖြစ်ခဲ့လဲဆိုတာလေးရယ်၊ ဟန် audio book တွေဖတ်ပြနေတဲ့ Youtube channel အကြောင်းရယ်၊ ဒီတလောမှာ ဖြစ်နေတဲ့ TikTok trend နဲ့ ပတ်သက်တာလေးရယ်၊ Extra Part 2 အကြောင်းရယ်၊ ညို Sec edition စာအုပ်အကြောင်းရယ်နဲ့ပတ်သက်ပြီး စကားနည်းနည်းပြောချင်ပါတယ်။
ပထမတစ်ခု • ပထမဆုံးအနေနဲ့ကတော့ ဟန် Extra ကို ရေးခဲ့တာ အကြောင်းအရင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ မာယာ့အကြောင်းရေးနေရင်း သူ့အချစ်ဦး ညို့အကြောင်း ထည့်ရေးရလို့ ညို့ကိုသိပ်သတိရနေတာရယ်၊ နောက်တစ်ခုကတော့ သေချာပေါက် သူငယ်ချင်းတို့ ဒီရက်ထဲ ညိုနဲ့ပတ်သက်ပြီး ခံစားခဲ့ရတဲ့ စိတ်ခံစားမှုအချို့ကို ပြန်ကုစားပေးချင်တာရယ်ကြောင့်ပါ။ အလွမ်းပြေလို့ ပြောလည်းမမှားသလို အာရုံကို ညို့ဆီမှာပဲ ထားစေချင်တာကြောင့်လည်းပါပါတယ်။
ဒုတိယအနေနဲ့ • ဟန့်နဲ့ဟန့်ကောင်မလေးရဲ့ @booknote3438 ဆိုတဲ့ Youtube channel မှာ ဆရာမဂျူးရဲ့ "မရှိမဖြစ်မိုး" ကို ဇာတ်သိမ်းအထိ ဖတ်အပြီးမှာတော့၊ ဟန်ကိုယ်တိုင်ပဲ "ညို"ကို audio book ဖတ်ထားတဲ့အကြောင်းလေးပါ။ ကောင်းတာတစ်ခုကတော့ ဟန်ပုံဖော်စဉ်းစားခဲ့သမျှ ညို့ရဲ့လေယူလေသိမ်းတွေကို ကိုယ်တိုင်ပါးစပ်ကနေ ထွက်ပြရတာ သိပ်ကိုပျော်မိတာပါပဲ။ Youtube link လေးကို အပေါ်ဆုံးမှာထည့်ပေးတဲ့ videoကနေတစ်ဆင့်ဝင်ပါ။ Subscribe လေး လုပ်ပေးမယ်ဆိုရင်တော့ အပျော်ဆုံးပဲပေါ့နော်။ ဒါပေမဲ့ လွတ်လပ်စွာပဲ မလုပ်ချင်လည်း ကိစ္စမရှိပါဘူးလို့။
တတိယတစ်ခု • ဟန့်ကို တစ်ပတ်ကျော်(ဒီနေ့အထိ အိပ်ရေးပျက် နေ့နဲ့ညမှားပြီး ကမောက်ကမဖြစ်သွားစေနိုင်တဲ့အထိ ထနေတဲ့ ဂယက်အကြောင်းပါ။ သိတဲ့သူတွေလည်းရှိသလို မသိတဲ့သူတွေလည်းရှိပါမယ်။ ကြိုပြောချင်တာကတော့ ဟန့်အနေနဲ့ ဟန့်ဘက်က အခြေအနေကို အတိုင်းအတာတစ်ခုအထိ သူငယ်ချင်းတို့ဆီ အသိပေးချင်ရုံပါပဲ။ ဒရမ်မာခင်းနေတယ်ထင်မှာလည်းစိုး။ ဆိုတော့ ဟန် မြန်မာနိုင်ငံမှာ မဟုတ်တော့တာ ၂လကျော်ကြာပါပြီ။ အစစအရာရာ အသစ်ဖြစ်ပြီး သုညကနေ စိတ်ကိုပြန်စတင်နေရတဲ့ ကာလတွေပါ၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ၊ နေရေးထိုင်ရေး အစရှိသဖြင့် တော်တော်လေး ကြိုးစားနေရတဲ့ ကာလပါ။ အိမ်မှာကျန်ခဲ့တဲ့ခွေးလေးကို သတိရလွန်းလို့ တကယ်စိတ်သောကရောက်နေရတဲ့ကာလဆိုလည်း မမှားပါဘူး။ အဲ့လိုအချိန်မှာ သူငယ်ချင်းက gp chat ထဲ လာပြရာကနေ tiktok video သုံးခုလောက်ကို ဟန်စပြီးတွေ့ခဲ့ပါတယ်။ သို့သော် ဪ နေပါစေလေ တစ်ခုနှစ်ခုလောက်ပဲဆိုပြီး သူငယ်ချင်းကိုတောင် လာမပြပါနဲ့တော့လို့ ပြောပြီး ထားခဲ့ပါတယ်။ အဲ့နောက်ရက်တွေမှာတော့ messenger မှာရော၊ wattpad dm မှာပါ နေ့တိုင်းဆိုသလို စာတွေခဏခဏဝင်နေရင်းကနေ ဟန်လည်း မျက်ကွယ်ပြုထားလို့ကိုမရတော့တဲ့အထိ အဲ့အရာတွေ ပွထလာတော့တာပါပဲ။ ဟန့်ဘက်က ကြိုက်သည် မကြိုက်သည်ဆိုတဲ့အမြင်ဟာ ညို့အတွက်လည်း အန္တရာယ်များတဲ့ အရာမို့ ဟန်အစပိုင်းမှာ တမင်ကို စကားနည်းရန်စဲ နေခဲ့တာပါ။ ကျန်တာတွေကတော့ ဟန့်ရဲ့ fb acc မှာ တင်ထားခဲ့တဲ့စာတွေအတိုင်းပါပဲ။ ဒီမှာတော့ တစ်ခုမှာချင်တာက ညို့ကိုချစ်ရင် ဘယ်သူဘာလုပ်လုပ် ညို့လိုပဲ ခပ်ပြုံးပြုံးကလေးလုပ်ပြီး ကျော်သွားလိုက်ပါ။ Impact တစ်ခုဟာ ကောင်းသောနည်းနဲ့ ဖြစ်သွားတာပဲ ကောင်းပါတယ်။ ရန်ပွဲတွေကြောင့်ဖြစ်သွားတာမျိုး ဟန်မလိုချင်ပါဘူး။ မဖျက်စီးကြပါနဲ့လို့ ဝင်မပြောဘဲ၊ အဲ့လို vd တွေမြင်တာနဲ့ ညိုနာမည်ကြီးနေတာပဲလို့တွေးပြီး ချက်ချင်းကျော်သွားလိုက်ပါ။ တချို့တွေ ဟန် fbမှာတင်ထားတာတွေကို tiktokမှာ ပြန်တင်ပြီး အဲ့အောက်မှာ မြင်မကောင်းအောင် ပွဲဆူနေတာတွေလည်းရှိပါတယ်။ အဲ့ဒါတွေတော့ ဟန်ဘာမှမပြောလိုပါဘူး နေရာတိုင်းမှာ အမြင်တွေကွဲစမြဲပါ။ ရိုင်းရိုင်းစိုင်းစိုင်းတွေကိုတော့ ဒီတိုင်းပဲ "ဪ ဦးနှောက်ကလေး သေးရှာတယ်" ဆိုပြီး ထားလိုက်ပါတယ်။ အကုန်လုံးလည်း ဟန့်လိုပဲ နေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ အကယ်၍ ပြောချင်သပဆိုရင် Wattpad မှာ အဲ့ကောင်မလေးအကြောင်း ဖတ်လို့ရကြောင်း၊ စာအုပ်လည်းဝယ်ဖတ်လို့ရကြောင်း သတင်းပေးခဲ့ပါ။ ဒါဆို ဟန့်အတွက်လည်း supporting တစ်ခု ဖြစ်ပါတယ်။
YOU ARE READING
ညို