အခန်း - ၂၇

36.4K 3.2K 297
                                    

"ကျွန်မ ညို့လောက် ဒီလောကကြီးအကြောင်းမသိဘူးညို။ ညို့လိုလည်း လောကကြီးကို အမြင်လှလှလေးနဲ့ မကြည့်တတ်ဘူး။ သီချင်းတွေကိုလည်း ညိုခံစားတဲ့အတိုင်း ထပ်တူလိုက််မခံစားနိုင်ဘူး။ ဒါပေမယ့် ကျွန်မက ဒီအသက်အရွယ်နဲ့မလိုက်ဖက်တဲ့ အားအင်မျိုးကိုပိုင်ချင်တယ်။ ညို့ကို ကာကွယ်ပေးချင်လို့၊ ညို့ကိုလေ .."

သစ်သားစားပွဲခုံလေးကိုပဲ စိုက်ကြည့်ရင်း အဏ္ဏဝါဆက်တိုက်ပြောနေမိရာမှ လွင်တို့ ပြန်လာသည်မို့ စကားကိုရပ်ပစ်လိုက်မိသည်။ ညို့ကိုမော့ကြည့်တော့ ညိုက မေးထောက်လို့ သူမကို ခပ်ပြုံးပြုံးလေးငေးကြည့်နေသည်။

"ညို့ကို စိတ်ဒဏ်ရာတွေဆီကနေ ကာကွယ်ပေးချင်တာညို။ သိရဲ့လား"

ထိုင်ခုံသေးသေးလေးတွေမှာ ဝင်ထိုင်ချလိုက်တဲ့ သူရိန်တို့က ထိုစကားကိုကြားတော့ သူမကို စူးစိုက်ကြည့်လာကြသည်။

"အင်း ညိုသိပါပြီ။ အခုလိုပြောပြလာပေးလို့လည်း ကျေးဇူးတင်ပါတယ်အဏ္ဏဝါ။ မင်းက ညို့ကို ရခဲ့ပြီးတဲ့စိတ်ဒဏ်ရာတွေကနေ ကာကွယ်ပေးချင်တာဆိုရင်၊ ညိုက မင်းကို ရလာတော့မယ့်စိတ်ဒဏ်ရာတွေဆိုတာမရှိရအောင် ကြိုပြီးကာကွယ်ပေးချင်တာ။ ဒါကြောင့်ပဲ မင်းမိဘတွေကို မုသာဝါဒသုံးပြီးပြောခဲ့တာပေါ့။ ညို့ဘဝမှာလေ .."

"ကဲ .. မုန့်တီတွေရပါပြီဗျာ"

စကားဝိုင်းတစ်ခုဖြစ်လုနီးနီးမှာပဲ ဦးလေးကြီးက အငွေ့တထောင်းထောင်းထနေတဲ့ မုန့်တီပန်းကန်နှစ်လုံးကို စားပွဲခုံလေးပေါ် လာတင်ပေးသည်။ သူမတို့အကုန် ကျောများမတ်ကာ အနောက်သို့အနည်းငယ် ဆုတ်လိုက်ကြပြီး ဦးလေးကြီးလက်ထဲမှ ပန်းကန်များကို သတိထား၍ ယူလိုက်သည်။ သူရိန်နှင့်စိုင်းနောင်၏အရှေ့သို့ ပန်းကန်များအရင်ရောက်သော်လည်း စိုင်းနောင်က အဏ္ဏဝါ့ထံသို့ ပန်းကန်ကိုကမ်းပြီး၊ သူရိန်က ညို့ထံသို့ကမ်းသည်။ သို့သော် ဆက်တိုက်ရောက်လာသည့် မုန့်တီပန်းကန်များကြောင့် သူတို့အကြာကြီးမစောင့်လိုက်ရပါ။

"ငရုတ်ကောင်းမှုန့်အနံ့လေး မွှေးနေတာပဲ"

ညိုက မုန့်တီတစ်ဇွန်းကိုခပ်သောက်၍ အရသာခံကာ ပြောသည်။ လွင်ကတော့ အသုပ်ပန်းကန်ကိုပါ သူ့ရှေ့သို့ဆွဲယူထားသည်။ ပြုတ်ပြီးသားငါးကို အနံ့ပျောက်အောင်ဆီသတ်၍ ထိုငါးအနှစ်ဖြင့် နယ်ထားသည့် မုန့်ဖက်သုပ်၏အရသာမှာ ထူးကဲလွန်းလှပါသည်။ ငါးဖယ်အစစ်ကို ကြော်ထားတာမို့ အန်တီကြီးဆိုင်က ငါးဖယ်က တကယ်အကောင်းဆုံးပင်။ မုန့်တီဟင်းရည်လေးနည်းနည်းထည့်၍ နယ်ထားသော စိုစွတ်စွတ်မုန့်ဖက်သုပ်အပုံပေါ်၌ ငါးဖယ်များကို မကြီးမသေးညှပ်ကာ တင်ပေးထားသည်။ ထို့အပြင် နံနံပင်အနည်းငယ်ကို အုပ်ထားသေးသောကြောင့် အမြင်ဖြင့်ပင် စားကြည့်ချင်ဖွယ်ကောင်းပါသည်။

ညိုWhere stories live. Discover now