အခန်း - ၄၀

28.2K 2.6K 155
                                    

"မမညိုက ဘယ်အချိန်လာမှာလဲ အဏ္ဏဝါ"

"ဟင်"

ဖေဖေ့၏ အခွေထည့်သည့် ခြင်းအနီရောင်လေးအား အဝတ်စဖြင့် သေချာတိုက်နေရင်း အဏ္ဏဝါ တွေဝေသွားသည်။

"မသိဘူး မမေးလိုက်မိဘူးပဲ"

"ဖရဲသီးစားကြတော့မလား ငါခွဲပေးမယ်"

သူရိန်မှ ကြားဖြတ်မေးသည်။ ကျန်သုံးယောက်လုံး ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ကြသည်။ အဏ္ဏဝါတို့အိမ်အား နောကြေနေသော သူတို့သုံးယောက်မှာ မေမေ့၏ မီးဖိုချောင်ကိုလည်း ဝင်ထွက်နေကြပင်။

အဖြူရောင်ချည်ထည်အင်္ကျီအပါးနှင့် ဘောင်းဘီတိုကိုဝတ်ထားသည်မို့ ပူအိုက်သောရာသီဥတုနှင့်မလိုက်ဖက်စွာ နေရထိုင်ရ အနည်းငယ်သက်သာနေသည်။ အတော်မျှ ရှည်လာပြီဖြစ်သော မိမိ၏ ဆံပင်များကို တစ်ဝက်ခွဲကာ အပေါ်ဘက်သို့ တိုးချည်ထားသည်။

"ဖရဲသီးဆိုတာ ဒီလိုစိတ်မှ ဖရဲသီးနဲ့တူမှာပေါ့ ခွေးကောင်ရဲ့!!"

အိမ်နောက်ဖေးမှ လွင်၏ အော်သံကျယ်ကိုကြားလိုက်ရသည်။ အဏ္ဏဝါ ခေါင်းကို ခပ်ဖြည်းဖြည်းခါ၍ ပြုံးလိုက်မိသည်။ ယခုထိကို လွင်ဟာ ကလေးဆန်နေတုန်း။

ရုတ်တရက် ပန်းခူးရန်သတိရသွားသည်မို့ အခွေခြင်းအား ခဏထားခဲ့ကာ အဏ္ဏဝါ အိမ်ရှေ့သို့ထွက်ရသည်။ ပျိုးပင်ပန်းပင်များဖြင့်ပြည့်နေသော ခြံငယ်လေးထဲသို့ ဟိုဟိုသည်သည် ဝေ့ဝဲကြည့်လိုက်သော် သူမအမြင်အာရုံကို ဖမ်းစားထားနိုင်လောက်တဲ့အထိ လှပနေသောပန်းကို မတွေ့ရ။ ခက်တာပဲ .. ညိုက ပန်းခူးထားဖို့ မှာထားတဲ့ဥစ္စာ။

တိုက်ဆိုင်စွာပင်။ လမ်းမဘေးသို့ ထိုးကပ်ရပ်လာသော ကားအနက်ရောင်တစ်စီး။ အဏ္ဏဝါ ခါးနှစ်ဖက်ကိုထောက်၍ ကားရှိရာသို့ သေချာလှမ်းငေးလိုက်သည်။ နေပူနေသည်မို့ မျက်လုံးများပင် စူးပါသည်။ တစ်ဖက်ကားတံခါးကို ဖွင့်ဆင်းလာသူမှာ သူမ၏ ချစ်သော ညို မဟုတ်ပါ။ မာယာနွယ်ဟူသော အမျိုးသမီးဖြစ်လိမ့်မည်။ သူမ ညို့ကိုသာ လှမ်းမျှော်လိုက်သည်။ ဟော .. တွေ့ပါပြီ။ သူမ၏ ချစ်သော ညို။

"ညို"

ညို့အရှေ့မှ အမျိုးသမီးကို ကျော်၍ ညိုရှိရာထံသို့ အဏ္ဏဝါ ပြေးသွားလိုက်သည်။

ညိုWhere stories live. Discover now