အခန်း - ၃၆

30.9K 3.3K 423
                                    

ဘာတွေဖြစ်စေချင်ခဲ့လို့ သူမကို အခုလို ဖြစ်တည်စေခဲ့လဲမသိရပေမယ့် သီချင်းတွေရှိတဲ့ကမ္ဘာထဲကို ပစ်ချပေးခဲ့တဲ့အတွက်တော့ လောကတရားကို ကျေးဇူးတင်မိပါသည်။ လက်တစ်ဆုပ်စာလောက်ရှိတဲ့ ဖန်ခွက်အကြည်လေးထဲ လက်ဖက်ရည်တစ်ဝက်လောက်ထည့်ပြီး စိုင်းထီးဆိုင်ရဲ့ 'နေရာတိုင်းမှာ' ကို နားထောင်ရရင်ဖြစ်ဖြစ် လူ့ဘဝကြီးက ပျော်ဖို့ကောင်းသားပဲလို့တွေးမိပြန်သည်။

'ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်' တဲ့။ ကိုယ့်ဘဝရဲ့နေရာတိုင်းဆိုတာဟာ သိပ်ကို များပြားလွန်းတဲ့ ဒေသကလေးတွေဖြစ်မနေဘူးလား။ ဒါပေမယ့် အဲ့လိုလူတစ်ယောက် ညို့ဘဝမှာ တကယ်ရှိလာခဲ့ပြန်ပါတယ်။ ဟုတ်ရဲ့။ အဲ့မိန်းကလေးပဲပေါ့။ အဏ္ဏဝါ ဆိုတဲ့ ချစ်ရတဲ့ပင်လယ်လေးပါပဲ။ ညို့ဘဝရဲ့နေရာတိုင်းမှာ အဏ္ဏဝါရှိလေသလား သို့တည်းမဟုတ် ညိုကပဲ အဏ္ဏဝါ့ရဲ့ဘဝထဲကို အစိတ်အပိုင်းသေးသေးကလေးအဖြစ် ပြုတ်ကျခုန်ဆင်းခဲ့လေသလားတော့ မသိတတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်ဖြစ် ညို့ဘဝထဲမှာ သူရှိနေတာရော၊ သူ့ဘဝထဲကို ညိုရောက်သွားခဲ့တာရောဟာ၊ ကြီးကျယ်တဲ့ဒီလောကကြီးထဲက သေးနုပ်ခမ်းနားတဲ့ အဖြစ်အပျက်ကလေးတစ်ခုပဲဖြစ်ပါတယ်။

~

"ထမင်းစားဦး အဏ္ဏဝါ"

စိုင်းနောင်က ထမင်းပန်းကန်ယူလာပြီး အဏ္ဏဝါ့ရှေ့ကစားပွဲပေါ်တင်ပေးသည်။ လွင်နှင့်သူရိန်ကတော့ ဘေးတစ်ဘက်စီမှာထိုင်ကာ သူမ၏ လက်များကို ခပ်ဖွဖွဆုပ်ကိုင်ပေးထားသည်။ ညိုပျောက်နေတာ ရက်နှစ်ဆယ်ရှိပြီ။ ရက်နှစ်ဆယ်တဲ့။ အဲ့မိန်းမမို့လို့။ အဲ့မိန်းမမို့လို့ သူမကို ဒီအခြေအနေနဲ့ ထားခဲ့ရက်နိုင်တယ်။

"အဏ္ဏဝါ မေမေ စျေးသွားဦးမယ် ဘာမှာဦးမလဲ"

ရေချိုးပြီး စျေးခြင်းတောင်းကိုင်ကာထွက်လာသော မေမေ့ကို လှမ်းကြည့်လိုက်မိသည်။ အသည်းကွဲနေတဲ့သမီးဖြစ်သူကို မေမေနှင့်ဖေဖေလည်း ဘေးကနေ တတ်နိုင်သလောက်အားပေးရှာပါသည်။ ရက်နှစ်ဆယ်အထိရောက်လာပေမယ့် လွင်၊စိုင်းနောင်နှင့်သူရိန်ကတော့ အခုထိ ကူရှာပေးနေတုန်းပင်။ ညို ဘယ်ကိုရောက်နေသလဲမသိပါဘဲ ရှာနေရတာဟာ အဏ္ဏဝါ့ကို အတော်ညှင်းဆဲရာရောက်သည်။ သူငယ်ချင်းလေးယောက် လိုင်းကားစီး၍ ရန်ကုန်မြို့ထဲ အကြိမ်ပေါင်းမနည်းရောက်ခဲ့ပြီးပြီ။ ညိုနှင့်တောင် မသွားဖူးတဲ့နေရာတွေ။ သူမနှင့်ညိုဟာ အချိန်တိုတိုအတွင်းမှာချစ်ခဲ့မိလို့ပဲ အချင်းချင်းနားလည်ဖို့ရန် သိပ်ခက်နေသလားမသိပါ။

ညိုWhere stories live. Discover now