အခန်း - ၃၃

34.3K 3.2K 814
                                    

"ညို"

"ငါ့ကိုမထိစမ်းနဲ့!!"

သူ့ဆီကမ်းသော ခန့်လင်းရောင်၏ လက်တစ်ဖက်ကို ညိုက ဆတ်ခနဲရိုက်ချကာ အော်သည်။ ကျွန်တော် မောင်လွန်းခမှာ ဒီဇာတ်ထုပ်ကြားထဲ ညို့အတွက် ပျော်ပျော်ကြီးခုန်ဆင်းပေးမိခဲ့ပါသည်။

"နင့်ကိုသည်းခံနေလို့ လူပါးမဝလာနဲ့!! ငါနင့်ခံစားချက်တွေကို အလွယ်တကူအသုံးပြုမိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ နင့်ကိုအခုထိ သည်းခံနေတာ"

ညို့၏ ယခုလို ကြမ်းကြုတ်သောအမူအရာအပြောအဆိုမျိုး ပထမဆုံးအကြိမ်အဖြစ် လွန်းခတွေ့ဖူးခြင်းပင်။ ညို့အသားများ တဆတ်ဆတ်တုန်နေသည်။ မျက်ရည်များ တားဆီး၍ မနိုင်လောက်အောင် ဖိတ်စင်ကျနေသည်။

"အဲ့တစ်ခုတည်း ဟုတ်ရဲ့လား"

ခန့်လင်းရောင်ဟာ ယောက်ျားအချင်းချင်း အမြင်ကိုပြောရလျှင် အတ္တကြီးသည့်ကောင်မျိုး။ သူလိုချင်တာကို ဘယ်နည်းလမ်းသုံးရသုံးရ အရယူပစ်မည့်ကောင်မျိုး။ ထိုလိုလူက ညို့ကို တစ်လတာသာ လက်ထပ်ထိမ်းမြားခွင့်ရခဲ့သည်ကို ကြားသိခဲ့ရတုန်းက လွန်းခအတော်ပင် အံ့ဩသွားခဲ့ရသည်။ သို့သော် ညို့ကို လက်လွှတ်ပေးခဲ့သည်အထိ ခန့်လင်းရောင်က ချစ်သည်။ ဒါဟာ အမှန်တရားပါပဲ။ အခုတော့ ထိုသို့မဟုတ်တော့ပုံ။ တစ်ကိုယ်တည်းရှိနေသည်ဟု သူထင်သည့် ညို့ကို အရပြန်ယူတော့မည့် ယောက်ျားတစ်ယောက်၏ အတ္တများ၊ လောဘများ၊ မာနများကို မြင်နေရသည်။ အင်း .. ထိုလူ့ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ ညိုက သတ်ခဲ့ဟန်တူပါပြီလေ။

"ညို ကျွန်တော်နဲ့အပြင်ကိုခဏလောက်ထွက်နေရအောင်ပါ။ ဟေ့လူ ကိုခန့်။ ခင်ဗျားလည်း ညို့ဒေါသကို မဆွနေပါနဲ့။ ဘာမှကောင်းတာရှိလာမှာမဟုတ်ဘူး။ လာ ညို .."

ညို့ကို အငြင်အသာဆွဲခေါ်တော့ ညိုဟာ အသာတကြည်ပါလာသည်။ သိမ့်ခနဲ သိမ့်ခနဲ တုန်ယင်နေသော ထိုခန္ဓာကိုယ်ကလေးကို ကျွန်တော် ဘယ်တုန်းကမှ တပ်မက်စိတ်မဖြစ်ခဲ့ဖူးပါ။ ညို့ကို မြင်လာခဲ့သည့် သုံးနှစ်အတွင်း ညို့၏ ပျော်ရွှင်နေဟန်၊ တခါတလေတော့လည်း မှိုင်တွေနေဟန်များကို ဘေးနားမှ မြင်ကြည့်ခွင့်ရခဲ့သည်။

ညိုWhere stories live. Discover now