အခန်း - ၂၈

33.8K 3.2K 175
                                    

မွန်းကျပ်သိပ်သည်းလှသော ဤခံစားချက်မျိုးကို သူမ ရင်းနှီးနေသည်။ လက်နှစ်ဖက်လုံးဆီမှ ရှိသမျှအားအင်တို့ကိုစုစည်း၍ အတောင်ပံခတ်သကဲ့သို့ ကြိုးစားနေသော်လည်း လေထုကို သူမ မခံစားရ။ တယောညို၏ ဘေးနား၌ ရေများစီးဆင်းနေသည်။ မဟုတ်သေး .. တယောညိုသည် ရေများ စီးဆင်းရာကြား၌ ရုန်းရင်းဆန်ခတ်ဖြင့် ရှင်သန်ရာကို ကူးခတ်ရှာနေရသည်။

မျက်လုံးများကို မှိတ်ထားသော်လည်း ရေများကိုမြင်နေရသည်။ အဏ္ဏဝါ့ကိုလည်းမြင်နေရသည်။ မြင်ကွင်းထဲရှိ အဏ္ဏဝါသည် သူမကို ကျောခိုင်း၍ တစ်နေရာရာသို့ ရပ်တန့်ငေးမောနေဟန်ရှိသည်။ ဒါအိပ်မက်ဆိုတာ ညိုသိပါရဲ့။ ညိုသိရဲ့။ ဒါပေမယ့် ညို့ကို မွန်းကျပ်နေစေတဲ့ ဒီအိပ်မက်ထဲမှာ အဏ္ဏဝါရှိနေခြင်းကို ညို မနှစ်သက်ပါ။

'ညို...'

ထိုလူ၏ ခေါ်သံသည် သေမင်း၏ခေါ်သံသကဲ့သို့ဖြစ်ပြီး၊ ကြားရသည့်အခါတိုင်း အသိစိတ်များ လောင်မြိုက်လာရသည်။

'အသူရာ .. ညိုတောင်းပန်ပါတယ်'

တံတားလက်ရန်းပေါ်ကို ကုပ်ဖက်တွယ်တက်နေသည့် ထိုအမျိုးသား၏ ကျောပြင်အား တယောညိုဟာ အကြိမ်ကြိမ်ထွေးပွေ့ဖူးပါရဲ့။ နွေးထွေးလွန်းသည်။ အေးချမ်းမှုကိုလည်းပေးသည်။ တစ်ဘဝလုံးစာ ခိုနားရာဟုလည်း အထင်မှားခဲ့ဖူးသည်။

'ကျွန်တော် ညို့ကိုချစ်တယ်'

ခုန််ချပြေးဆင်းတော့မည့် သူ့ထံသို့ ညိုအပြေးအလွှားသွားပေမယ့် ညို့ခြေထောက်များ လှုပ်ရှားမရပါ။ ထို့အပြင် တစ်နေရာရာမှ သူမကို အဏ္ဏဝါခေါ်နေသည့်အသံကိုလည်း ကြားရသည်။

'အသူရာ !! နင်သေသွားပစ်စမ်း။ ငါ့အချစ်တွေကို ဒီလောက်အထင်သေးတဲ့ယောက်ျား !! သေသွားပေးစမ်းပါ !! နင်သေသွားစမ်းပါ'

ဟင့်အင်း .. အဲ့စကားတွေကို ညိုအခုမပြောနေရပါဘူး။ ညိုဟာ ကိုယ့်အသက်ကိုယ်တောင် ရှူရှိုက်နေခွင့်မရနေပါဘူး။ တယောညိုဟာ ဒီကမ္ဘာမှာ ဘယ်နဦးရှိသလဲ။ အသူရာ့ကို သေစေချင်ခဲ့တဲ့ တယောညို။ အသူရာ့ကို သိပ်ချစ်ခဲ့တဲ့ တယောညို။

ညိုWhere stories live. Discover now