အခန်း - ၁၁

40.5K 3.6K 394
                                    

အသက်ကို ရှူမထုတ်မိ။ ညို့ဆီက ဖြေသံမရ။ ညို .. ညိုဘာဖြစ်နေသလဲ။

"ညို ကျွန်မ"

"အဏ္ဏဝါ .. "

ညိုက ခေါင်းငုံ့ပြီးစကားစပေမယ့် ဘာမှထပ်မပြောလာ။ ကားရှေ့ကနေ လမ်းကူးဖို့ဖြတ်သွားတဲ့ လူတစ်ယောက်ကြောင့် အဏ္ဏဝါ ဆတ်ခနဲပဲ ကိုယ်ကို ပြန်ရုတ်လိုက်တယ်။ အသိစိတ်တွေ ကြောက်စရာကောင်းလောက်အောင် လွတ်သွားခဲ့သည်။ ကြောက်စရာကောင်းလောက်အောင်။

"တောင်းပန်ပါတယ်။ ကျွန်မ စိတ်လွတ်သွားတယ်"

"နေပါဦး နေပါဦး"

အလောတကြီး ကျောပိုးအိတ်ကို ကျောမှာလွယ်ပြီး ကားပေါ်က ဆင်းဖို့ပြင်တော့ ညိုက အဏ္ဏဝါ့လက်ကိုဖမ်းဆွဲတယ်။ အရေပြားချင်းထိတာကိုတောင် ကမ္ဘာပြိုသွားသလို တုန်တုန်လှုပ်လှုပ်ခံစားရတယ်။

"ဘာပြောမလို့လဲ"

"ညိုက ဒဏ်ရာတွေပဲပေးတတ်တဲ့မိန်းမမျိုးဆိုတာ မင်းကိုသိစေချင်တယ်။ မင်းကိုသိစေချင်တာ အဲ့တစ်ခုပဲရှိတယ်"

ကားတံခါးလော့ခ်ကိုကိုင်လျက်ကပဲ အဏ္ဏဝါ့ရင်ထဲ တင်းကျပ်လာတယ်။ ညိုနဲ့သူမကြားက ပေါ့ပေါ့ပါးပါးအခြေအနေလေးတွေ မပေးဖြစ်တဲ့အနမ်းတစ်ခုကြောင့်နဲ့ ပျက်စီးရတော့မယ်။

"ညို"

ညိုက မော့ကြည့်လာတယ်။ ဒဏ်ရာတွေပဲပေးတတ်တဲ့မိန်းမက မျက်ရည်တွေ သီနေပါရောလား။

"ကျွန်််မသွားပြီ။ ကားကိုဂရုစိုက်မောင်းပြန်"

ဖြတ်ခနဲ ညို့ပါးကို တစ်ချက်လှမ်းနမ်းပြီး အဏ္ဏဝါ အမြန်ဆင်းတယ်။ ညိုဘယ်လိုမျက်နှာထားမျိုးနဲ့ကျန်ခဲ့မလဲ လှည့်မကြည့်ရဲ။ ကားလမ်းကူးပြီး ကျောင်းထဲဝင်လာရတဲ့ခြေလှမ်းတွေတုန်ယင်နေတာ။ မိန်းမတစ်ယောက်ကိုချစ်မိတာထက် ညို့ကိုမှချစ််မိတာက ပိုပြီးဆိုးတယ်။

ကျောင်းရှေ့ အုတ်ခုံတန်းကြီးမှာ ထိုင်နေတာ နာရီဝက်လောက်ကြာလုပြီ။ ခေါင်းငိုက်စိုက်နဲ့ ထိုင်နေတဲ့သူမအရှေ့က တစ်ယောက်ပြီးတစ်ယောက်ဖြတ်လျှောက်သွားကြတယ်။ တချို့ကတော့ အနားမှာလာထိုင်တယ်။ သူတို့စောင့်နေတဲ့လူတွေလာတော့လည်း ထထွက်သွားတာပါပဲ။ တစ်ဖက်လမ်းမကိုလှမ်းကြည့်တော့ ညို့ကားအနက်ရောင် ရှိနေဆဲ။ ညို့ကို ခက်ခဲမိစေပြီလား။ အချစ်ကိုဝေးဝေးရှောင်ချင်တဲ့ ညို့ကိုမှလေ။

ညိုWhere stories live. Discover now