အခန်း - ၁၇

41K 3.5K 330
                                    

"မေမေ ပွဲစျေးဘယ်နေ့ရောက်ရင် လည်မှာလဲ"

ဒီနေ့ ဆိုင်ကိုမသွားသည့် မိခင်ကိုမေးတော့ မေမေဟာ သူ့လက်ထဲက ပလက်စတစ်ဘူးခွံတွေလောက်တောင် ညို့ကိုအာရုံမပေးချေ။ စတီးခွေနဲ့ ပလက်စတစ်ဘူးကို တိုက်ချွတ်ဆေးကြောနေတာ ဘယ်လောက်အလျှဉ်းမသင့်လိုက်သလဲနော်။ ဒါပေမယ့် မေမေကတော့ အမြဲအဲ့သည်လိုချည်းပဲ။

"ထုံးစံအတိုင်း နောက်ဆုံးရက်ပြီးတဲ့ နောက်တစ်ရက်ပေါ့ညိုရဲ့။ အမြဲအဲ့အချိန်မှ သွားတာသိသားနဲ့။ အဲ့အချိန်ဆို သနပ်ခါးတုံးတွေကလည်း စျေးသက်သာပြီလေ"

"အို သိပါရဲ့ သိရဲ့။ အလကားနေ ဘယ်ပစ္စည်းမဆို စျေးဆစ်နေတော့တာပဲ မေမေကတော့"

မီးဖိုခန်းတံခါးဝဘောင်ကို သက်တောင့်သက်သာမှီလျက်ကနေပဲ ညိုပြောတော့ မေမေက မျက်စောင်းတစ်ခု လှည့်ပစ်ပေးလေသည်။ အဏ္ဏဝါ့ကို ခေါ်ထားမယ့်ကိစ္စ မေမေ့ကို ဘယ်လိုပြောရပါ့မလဲ။ မနေ့တည်းက ညိုစဉ်းစားခဲ့ပေမယ့် အကြောင်းပြချက်ကို တွေးတောမရခဲ့ပေ။

"မေမေ။ ညို့ကိုချစ်လား"

"ဒီအသက်ရောက်နေပြီ ဒီမေးခွန်းကဘာကြီးတုန်း တယောညိုရဲ့"

မေမေက အညိုရောင်နံရံကြီးဘေးမှာ ကပ်ထားတဲ့စင်ပေါ်ကို ဆေးကြောပြီးသား သူ့ဘူးခွံတွေ တန်းစီတင်ရင်း မေးတယ်။ ထမိန်ကို ခပ်ကျစ်ကျစ်ဝတ်ထားလို့ အနည်းငယ် အသက်ရှူမဝချင်။ ညို ထမိန်ကို ပြန်ပြင်ဝတ်ရတယ်။

"ညို့ကိုချစ်ရဲ့လားသာ ဖြေစမ်းပါဆို"

"ငါမွေးထားတာ မချစ်ဘဲနေမလား"

"ဒါဆို အဏ္ဏဝါ့ကို အိမ်မှာခဏခေါ်ထားချင်တယ်"

မီးဖိုချောင်သန့်ရှင်းရေးဘက်ကို လှည့်သွားတဲ့မေမေက တံမြက်စည်းနဲ့ ဂေါ်ပြားအစိမ်းရောင်ကိုကိုင်ရင်း တုန့်ခနဲရပ်သွားတယ်။ ပြီးတော့ဖြင့် ညို့ကို ခပ်ဆဆကလေးကြည့်တယ်။

"ဟိုဟာပေါ့ ညို တအားပျင်းလှရှိတယ်လေ။ ဆိုတော့ ဘုရားပွဲကို သူနဲ့ပဲ သွားမလားလို့ပါ"

လက်နှစ်ဖက်ကို ခါးမှာထောက်ရင်းပဲ ညိုပြောလိုက်တယ်။ မျက်ခုံးတွေကို ခဏခဏပင့်တင်မိနေသလားမသိ။ မေမေက ညို့မျက်ခုံးတွေကို ငေးကြည့်နေတယ်။

ညိုWhere stories live. Discover now