အခန်း - ၂၆

35.4K 3.3K 353
                                    

လိုတာထက်ပို၍ တိတ်ဆိတ်သွားသည့် အိမ်ငယ်ထဲတွင် သီချင်းသံလေးပါ ပျောက်ကွယ်သွားသောအဆုံး၌ အဏ္ဏဝါ စိုးရိမ်တုန်လှုပ်မှုများကို စတင်ခံစားလာရတော့သည်။ သူမကိုလည်း ဘာမှမတိုင်ပင်ထားဘဲ ညိုဘာကြောင့်ပြောရတာလဲ။ သူမတို့၏ ထိုပတ်သတ်မှုကို တစ်သက်လုံးဖုံးကွယ်ထားဖို့တော့ မစဉ်းစားခဲ့ပါ။ အင်း .. တစ်သက်လုံးတောင် အတူရှိနိုင်ပါ့မလား မသေချာသေးဘူးမဟုတ်ပါလား။ ညိုတစ်ယောက်နဲ့တော့ ထုံးစံအတိုင်း ခက်လိုက်တာ။

"တယောညို ဘာကိုဆိုလိုချင်လဲဆိုတာ သေချာပြောပြလို့ရမလား"

ဖေဖေ့၏ ထမင်းတမြုံ့မြုံ့ဝါးရင်း မေးလာသံ။ မေမေကတော့ အဏ္ဏဝါ့ကိုသာ ငေးကြည့်နေသည်။ တစ်ခုခုသိထားသလိုရှိနေသည့် မေမေ့၏ထိုမျက်ဝန်းများကို သူမ ကြောက်ရွံ့မိသည်။

"ညိုဆိုလိုတာက"

"ညို.."

ညို့လက်မောင်းကို အသာတို့၍ သူမ ခေါင်းခါပြတော့ ညိုက အဏ္ဏဝါ့ကို တချက်ငုံ့ကြည့်၍ ငြိမ်သက်နေသည်။ ဒီအချိန်ဟာ အရမ်းစောလွန်းသေးသည်။ သူမ အဆင်သင့်မဖြစ်သေးပါ။ သို့သော်

"မိန်းကလေးဆိုတာသိပေမယ့် ညိုက အဏ္ဏဝါ့ကို ချစ်သူတစ်ယောက်လို ချစ်မိနေတယ်လို့ ဆိုတာပါ။ သူကတော့ ညို့ကို အစ်မတစ်ယောက်လိုပဲ သဘောထားတယ်ပြောတယ်"

ထိုစကားတွင် သာ၍သာ၍ အဏ္ဏဝါ အံ့ဩရပြန်သည်။ ညိုဘာတွေစဉ်းစားနေတာလဲ။ ညိုဘာတွေကြံစည်နေတာလဲ။ အထူးသဖြင့်ကတော့ ညိုဘာတွေများ ဖြစ်ချင်နေတာလဲ။

"ဦးကျော်စွာနဲ့အန်တီယိင်းကို ညို မထီမဲ့မြင်ပြုတာမဟုတ်ပါဘူး။ ညို့သဘောထားကို ဖုံးကွယ်ပြီးမနေချင်လို့ပါ။ မဟုတ်လည်း အဏ္ဏဝါက ငြင်းထားတာပဲလေ။ ညို့မှာ ဒီ့ထက်ပိုပြီးနစ်နာစရာလည်းမရှိတော့လို့"

"ညို .. ညိုပြောတာတွေကို ကျွန်မတကယ်နားမလည်နိုင်ဘူး"

ဆတ်ခနဲထရပ်၍ ခပ်တင်းတင်းပြောတော့ ညိုက အဏ္ဏဝါ့ကိုမကြည့်တော့ပေ။ ဖေဖေတို့ကိုသာ စိုက်ကြည့်နေသည်။

"ပြီးတော့ အဏ္ဏဝါလည်းစာမေးပွဲနီးပြီဆိုတော့ ညိုလည်း သူနဲ့တွေ့တာကိုလျှော့မှာပါ"

ညိုWhere stories live. Discover now