ညိုဟာ လူကို စိတ်အင်အားကုန်ခမ်းသွားစေသည်။ ညိုဟာ သူ့ကိုကြည့်နေရရုံနဲ့ ကျောက်ဆောင်တွေကြားက ရေအိုင်ငယ်ထဲမှာ လှေငယ်တစ်စင်းနဲ့ ခရီးရှည်ကြီးကို ဆန့်နေရသလိုဖြစ်စေသည်။
ပြေကျသွားသည့် အဝတ်ကြိုးများ၏ နောက်ကွယ်၌ ဖန်ဆင်းရှင် သေသပ်စွာခြယ်ခဲ့သည့် လောကပြယုဂ်များရှိသည်။ အညိုရောင် အရေပြားများ ကမ္ဘာကို လွှမ်းခြုံထားသည်။ ညို့လက်ချောင်းများ အင်္ကျီ၏အနားစတစ်ဘက်ကို လှစ်ဟလိုက်သည့်အခါ အသက်ကို အပူတပြင်းဖြင့် အဏ္ဏဝါ ရှူထုတ်လိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းပြင်ပေါ် ခွေလုကျမတတ် (စိတ်အတွင်း၌) ယိုင်နဲ့သွားသည်။
ဖွင့်ဟလိုက်တဲ့ တံခါးရဲ့တစ်ဘက်မှာ အညိုရောင်လောကဟာ တုနှိုင်းမဲ့လှပမည်ကို သိလျက်နဲ့၊ အဏ္ဏဝါဟာ အခုမှ မွေးဖွားလာသလို မသိတတ်ခြင်းမျိုးဖြင့် ညို့ကိုငေးမိသည်။
ညို့ခါးများထံ လက်တစ်ဖက်ကို လှမ်း၍ သဲ့လိုက်သည်။ နီးကပ်လွန်းလာသည့် ထိုလည်တိုင်၌ နှာဖျားကို ပြင်းပြစွာနှစ်သည့်အခါ ကံ့ကော်ရနံ့တို့ စူးခနဲ ဝင်လာသည်။ ညိုက သူ့လက်များဖြင့် ဆံပင်ကောက်ကလေးများအား အနောက်သို့ သပ်တင်သည်။ ညို့မေးရိုးနားက ကြယ်တွေလိုသွယ်တန်းနေတဲ့ မှဲ့နက်လေးနှစ်ခု။ ညို့နားရွက်ဖျားများ။ ညို့မျက်ခုံးများ။ ညို့မျက်ခွံများ။ ညို့နှုတ်ခမ်းဖျား။ တယောညိုဟာ သိပ်ကိုအန္တရာယ်များသည့်မိန်းမပဲ။
အညိုရောင်ဖဲမွေ့ယာတစ််ခုကဲ့သို့ နူးညံ့လွန်းလှသည့် ထိုနှုတ်ခမ်းများကို ရှိသမျှစိတ်ဝိဉာဉ်တို့ ခစားစေ၍ နမ်းရှိုက်ရသည်။ ညို့လက်နှစ်ဖက်လုံး အဏ္ဏဝါ့လည်တိုင်၌ ခိုတွယ်လာသည်။ ဦးနှောက်နှင့်အသိစိတ်များထဲ သဲမုန်တိုင်းထန်သကဲ့သို့ ဝုန်းဒိုင်းကြဲနေသည်။ ချောက်ကမ်းပါးအစွန်းဖျားကိုဆွဲရင်း သေခြင်းတရားရဲ့မျက်နှာကို အပြန်အလှန်ကြည့်နေကြသည့် လူနှစ်ဦးလို၊ တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ နှောင်ထားမိကြသည်။ အေးစက်နေသည့် အထိအတွေ့တို့ ပူလောင်စပြုလာသည်။ တဖြည်းဖြည်းဖြင့် ခုတင်နားသို့ရောက်လာသည့် ပြိုပြိုလဲလဲခြေလှမ်းများ။ ညိုက အင်္ကျီ၏ရနံ့ကိုသော်လည်းကောင်း မသိတတ်ပါ။ အဏ္ဏဝါ၏ ပခုံးစွန်းကို အငြိုးကြီးစွာ ခဲသည်။ သူမ၏ ဆံပင်တိုများကို ရုန်းရင်းဆန်ခတ် အစွဲပြု၍ ညို့ဦးခေါင်းက ဘယ်ညာလှုပ်ရှားနေသည်။
YOU ARE READING
ညို