အခန်း - ၁၀

42.7K 3.6K 209
                                    

ဖုန်းနှိုးစက်မြည်တော့ မနက် ၇နာရီရှိပြီ။ ဆောင်းမနက်ခင်းမို့ စိမ့်နေအောင် ချမ်းသည်။ စောင်ကို ခပ်တင်းတင်းဆွဲခြုံပြီး တစ်ဖက်ကိုစောင်းလိုက်တယ်။ မေမေ့ဘုရားရှိခိုးသံအပြီးနဲ့ ဖေဖေ့ရဲ့ တီဗွီဖွင့်သံကို တပြိုင်တည်းကြုံရတယ်။

"အဏ္ဏဝါ ကျောင်းသွားရမယ်မလား ထတော့သမီး"

"ဟုတ်မေမေ။ ငါးမိနစ်လောက်"

အကြောင်းသိတဲ့မေမေက မီးဖိုချောင်ထဲဝင်သွားပုံပေါ်တယ်။ ပြီးတဲ့နောက်တော့ ဘေစင်က ရေဖွင့်ချသံ၊ မနေ့ညက ညစာစားထားတဲ့ပန်းကန်တွေကို မေမေဆေးနေတဲ့အသံ၊ ဖေဖေ့တီဗွီဆီက ဘုန်းကြီးတရားသံ၊ အခန်းခေါင်းရင်း ပြတင်းပေါက်အပြင်က ငှက်တွေအော်နေသံ။ မနက်ခင်းပီသတဲ့ မနက်ခင်းတစ်ခုပဲ။

မဖွင့်ချင်သေးတဲ့မျက်လုံးတွေကို ကြိုးစားဖွင့်ပေမယ့် မရ။ အိပ်ပျော်နေသည်မဟုတ်သော်ငြား နိုးလာသည်လည်းမဟုတ်သေး။ လွင်မကြာခဏပြောပြလေ့ရှိသည့် ပီတာပန်ဇာတ်လမ်းထဲမှ စကားအချို့အား သတိရမိသည်။ 'အိပ်တာနဲ့နိုးတာကြားက အဲ့နေရာကိုသိလား အိပ်မက်မက်နေတာကိုမှတ်မိနိုင်တဲ့နေရာ။ အဲ့နေရာမှာငါမင်းကိုအမြဲချစ်နေမှာ၊ မင်းကိုအမြဲစောင့်နေမှာ' တဲ့။ လွင်ကတော့ ထို dialogue ကို သဘောကျတတ်လွန်းသည်။ ဗမာလိုတစ်မျိုး၊ အင်္ဂလိပ်လိုတစ်မျိုး မကြာခဏရွတ်ပြလေ့ရှိသည်။

ခဏကြာတော့ အတွေးစတွေကိုဖြတ်ပြီး အဏ္ဏဝါ အတင်းလူးလဲထရတော့တယ်။ ဒီနေ့ကျောင်းမှာ tuto ရှိသည်။ ပြီးလျှင် လွင်တို့နှင့် ဘူတာရုံဘက်သို့သွား၍ ဓာတ်ပုံရိုက်ဖို့စီစဉ်ထားသည်။ သွားရင်းနဲ့ ကော်ဖီအေးတစ်ခွက်ဝယ်သောက်ဖို့ပါ စိတ်ကူးထားသည်။

ရေချိုးဖို့ အိမ်အနောက်ကိုထွက်တော့ စိမ့်ခနဲအေးသွားသည်။ ရေချိုးခန်းနှင့် အိမ်သာက သိပ်မဝေး။ အိမ်ထဲကတော့ထွက်ရသည်။ ညာဘက်ခပ်လှမ်းလှမ်း၌ ဘုရားကန်ဟု သိကြသည့် ရေကန်ကြီးရှိသည်။ ရေမကူးရ ဆိုင်းဘုတ်ရှိသော်လည်း ဟိုးဘက်တိုက်ခန်းတွဲက ကလေးတွေကတော့ လာသည်။ အဲ့အခါဆို ဖေဖေက တုတ်တစ်ချောင်းကိုင်ပြီး ကလေးတွေကို ထွက်ဆူတော့တာပဲ။ မေမေကတော့ 'ဂရုတစိုက်ကြည့်နေပေးလိုက်ပါမောင်ရယ်' ဟုသာ လေသံချိုချိုဖြင့်ပြောသည်။

ညိုWhere stories live. Discover now