အခန်း - ၄၃

31.2K 2.8K 436
                                    

"ဒါဆို ညီမလေးမွေးနေ့က နီးနေပြီပဲ"

"ဟုတ်တယ်အစ်ကို။ ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာတော့မယ်"

ကိုလွန်းခတို့အိမ်ရှေ့ရှိ ခုံတန်းပေါ်၌ ကိုလွန်းခနှင့်အတူထိုင်ရင်း အဏ္ဏဝါ ပြောလိုက်သည်။ သူမ ညိုနှင့်ဖုန်းပြောပြီး သိပ်မကြာခင်တည်းက ထွက်လာခဲ့ခြင်းပင်။ ညို့အိမ်နားသို့အရောက် မာယာနွယ်၏ပခုံးသို့ မှီထားသောညို့ကိုတွေ့လိုက်ရသဖြင့် ရှေ့ဆက်မသွားသေးဘဲ မတ်မတ်ရပ်နေသည့်သူမကို၊ ကိုလွန်းခမြင်ပြီး သူ့အိမ်ရှေ့သို့ ခေါ်ထားခြင်းဖြစ်သည်။

"ရုတ်တရက်ကြီး ဘုရားပွဲတုန်းက အစ်ကိုတို့ ငွေလှူခဲ့တဲ့သားအမိ အဆင်ရောပြေရဲ့လားလို့ တွေးမိသွားတယ်"

ခုံတန်းပေါ်မှ ခြေချထိုင်နေသော သူမနှင့်ကိုလွန်းခ၏ ခြေထောက်များ ပြိုင်တူ လှုပ်ရမ်းနေကြသည်။ အဏ္ဏဝါသည် ရှည်လျားလာပြီဖြစ်သော သူမ၏ဆံပင်အချို့ကို ညှပ်ပစ်ဖို့ စိတ်ကူးနေမိသည်။

"အခုလောက်ဆို ကျွန်မ သွားလို့ရလောက်ပြီလားအစ်ကို"

အဏ္ဏဝါမေးတော့ ကိုလွန်းခက ဟက်ခနဲရယ်ချကာ ခေါင်းညိတ်ပြသည်။

"ညို့ကို အခုလို ယုံကြည်ပြီးချစ်ပေးတဲ့လူရဲ့လက်ထဲမှာမြင်ရတော့ စိတ်အေးသားနော်ဗျာ။ အကူအညီလိုတာရှိရင် အစ်ကို့ကိုပြော ဟုတ်ပြီလား"

သူမထက်အရင် ကိုလွန်းခက ခုံတန်းအမြင့်ပေါ်မှ ဆွေ့ခနဲခုန်ဆင်းကာ ပြောသည်။ အဏ္ဏဝါ ခေါင်းညိတ်ပြလိုက်ပြီး ညိုတို့အိမ်ရှိရာဆီ ဆက်လျှောက်လာလိုက်ပါသည်။ မြင်မြင်ချင်း၌ မျက်ရည်စများ ဝဲခနဲဝေ့တက်လာသေးသော်လည်း သူမ ညို့နေရာမှဝင်၍ ခံစားကြည့်မိသည်။ ညိုသည် သူ့အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သည့် ခိုနားရာအတွက် ပထမဆုံးနှင့်နောက်ဆုံးတော့ နှစ်သိမ့်ပေးချင်နေလိမ့်မည်။ မာယာနွယ်က ညို့ကို ချစ်သည့်အကြောင်းပြောလာသည်ဟု ညို သူမကို ထိုညကပင် ဖုန်းဆက်ပြောပြခဲ့သည်လေ။

"ဟင် .. အဲ့ဒါ ကျုပ်ရည်းစားတော့်"

ကားသော့ကိုကိုင်ပြီး အိမ်ထဲမှထွက်လာသည့်ညိုက သူမကို အိမ်ရှေ့၌မြင်သည့်အခါ ထိုသို့ အော်နေသည်။ ထို့နောက် သူစီးထားသည့် ကတ္တီပါဖိနပ်ကလေးကို အားမနာစွာဖြင့် သူမရှိရာသို့ ပြေးလာသည်။

ညိုWhere stories live. Discover now