ဒီနေ့ဆို "ညို" စာအုပ်လေး pre order ကောက်တာ ပြီးသွားခဲ့ပြီဖြစ်ပါတယ်။ မထင်ထားခဲ့တဲ့ ပမာဏအထိရောက်အောင် ဝယ်ကြတဲ့အတွက်လည်း ဟန်အများကြီး အံ့ဩပြီး ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ အခုကတော့ စာအုပ်လက်ထဲရောက်လာဖို့ ဘယ်လောက်စောင့်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဟန်ပြောပြထားချင်လို့ပါ။ Pre order ကောက်ခြင်းသည် စာအုပ်ဘယ်နအုပ် ရိုက်ရမလဲဆိုတာ ခန့်မှန်းလို့ရအောင် ကောက်ခြင်းဖြစ်ပါတယ်။ Pre order ကောက်တဲ့ရက်ပြီးပြီဆိုတာနဲ့ အဲ့အရေအတွက်က အတိအကျထုတ်ပါတယ်။ ပြီးတော့ In stock ထားဖို့အတွက် ဘယ်နအုပ်လောက် ပိုရိုက်မယ်ဆိုတဲ့အရေအတွက်ကိုတော့ ဟန်နဲ့စာအုပ်တိုက်က တိုင်ပင်ပြီး သတ်မှတ်လေ့ရှိပါတယ်။ ဟန် အခုတော့ အုပ်နှစ်ရာလောက် In stock ထားဖို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒါကြောင့် လက်ထဲ ပိုက်ဆံမရှိလို့ pre order မတင်လိုက်ရတဲ့လူတွေအနေနဲ့လည်း ပိုက်ဆံရှိလာတဲ့အခါမှ "Ukiyo Book House" ဆိုတဲ့ Page မှာ အေးအေးဆေးဆေး order သွားတင်နိုင်ပါတယ်။ အဲ့နှစ်ရာကုန်ရင်တော့ ထပ်ထုတ်ဖို့က မဖြစ်နိုင်တော့ပါဘူးနော်။
ဒီတစ်ခါတော့ bookmark မှာ ဟန့်ရဲ့လက်မှတ်အစစ်ထိုးပေးဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး Ukiyo ကနေ bmလက်ဆောင်တစ်ခုပေးဦးမှာဆိုတော့ ဟန့်လက်မှတ်ပါတဲ့bmရယ်၊ ဟန့်လက်မှတ်မပါတဲ့ နှင်းဆီပန်း bmလေးရယ် နှစ်ခုတောင်ရမှာပါ။ ပြီးတော့ Pre order gift အနေနဲ့ဆိုပြီး ဟန်ထည့်ပေးထားတဲ့ dialogue card လေး ဆယ့်တစ်ကတ်ကိုလည်း In stock သမားတွေကိုပါ ထည့်ပေးမှာပါ။ (မီအရမ်းသဘောကောင်းတာ :3)
စာအုပ်ရိုက်ဖို့ စီစဉ်ဖို့ processတွေအတွက် ကြာချိန်က ဒီနေ့ 16ရက်နေ့ကနေစပြီး နောက်ထက် တစ်လခွဲကျော်အထိ ခန့်မှန်းပါတယ်။ ပြီးရင်တော့ စာအုပ်ထွက်လာတဲ့အခါ ထုပ်ပိုးတာတွေ၊ Deliအပ်တာတွေအတွက်ကြာချိန်နဲ့ဆို နှစ်လပျမ်းမျှကြာပါတယ်။ ဆိုတော့ အဲ့နှစ်လအတွင်းမှာ သည်းခံပြီးစောင့်ဆိုင်းပေးကြဖို့ တောင်းဆိုပါတယ်။ စာအုပ်က September လအလယ်လောက်ဆို ရပါမယ်။ မနှစ်က စက်တင်ဘာမှာ ညိုစရေးခဲ့ပြီး ဒီနှစ် စက်တင်ဘာမှာ စာအုပ်ဖြစ်နေပြီ မီဆိုးဟက်ပီးးးး
စာအုပ်နဲ့ပတ်သက်ပြီး သိချင်တာရှိသေးရင် ဟန့်ကို comment မှာ မေးလို့ရပါတယ်။ Bookmark 2ခု၊ inner art 2ခု၊ dialogue cards with key ring and text art ဆယ့်တစ်ကတ် စသဖြင့် ပါတဲ့ စာအုပ်ကို စိတ်ကျေနပ်မှုတော့ ရှိကြလိမ့်မယ်ထင်ပါတယ်။ ဘယ်ပုံလေးကိုအကြိုက်ဆုံးလဲ။ ဟန်ကတော့ အကုန်ကြိုက် xD အညိုရောင်ကို ရူးမတတ်ချစ်တဲ့လူအနေနဲ့ အညိုရောင်တွေနဲ့ချည်းပြည့်နေတဲ့ စာအုပ်လေး ထုတ်နိုင်သွားတာ တကယ်အမှတ်တရ။
YOU ARE READING
ညို