"ဟဲ့ ဆရာမက လာမှာလား မလာမှာလား"
"မသိဘူးလေ"
"စိုင်းနောင် သူရိန် ဆရာမက လာမှာလား မလာမှာလား"
အဏ္ဏဝါ့ကိုမေးမရတဲ့အဆုံး လွင်က အရှေ့တန်းက သူရိန်တို့ကိုမေးနေသည်။ စိုင်းနောင်ကတော့ အိပ်ချင်နေတဲ့မျက်လုံးတွေနဲ့ လွင့်ကိုပြန်ကြည့်ရုံမှလွဲ ဘာအဖြေမှမပေး။ သူရိန်ကလည်း မသိဘူး အတန်းလစ်မယ်ဟုသာပြောနေသည်။
"ရေသူမ နင့်အမေချက်တဲ့ ကြက်သားဟင်းလေး စားချင်လိုက်တာ။ တစ်ရက်လောက်ထည့်လာပါဦး"
ဆရာမ မလာသေးသည်မို့ အတန်းထဲ သီချင်းသံတွေ၊ စကားပြောသံတွေ ပွက်လောရိုက်နေသည်။ အဏ္ဏဝါကတော့ ပျင်းရိဖွယ်ကောင်းလှတဲ့ ဒီစာသင်ခန်းထဲကနေ အမြန်ထွက်ချင်နေပြီ။ အိမ်ပြန်ပြီး ကုတင်ပေါ်မှာလှဲနေတဲ့မိမိကိုယ်ကို ပုံဖော်ကြည့်ရင်းဖြင့်ပင် ထထွက်သွားချင်နေသည်။
"ပြောလိုက်မယ်။ ငါထမင်းဘူးမယူတာတောင်ကြာပြီ။ မေမေကတော့ မုန့်ဖိုးပိုပေးပေမယ့် ဖေဖေကတော့ အိမ်ကထမင်းဟင်းလောက် ဘာကပိုကောင်းမှာလဲဆိုပြီးပြောနေတာ"
ဘေးဘက်အုပ်စုရဲ့ နောက်ဆုံးခုံမှာထိုင်သည်မို့ တဖက်က နံရံဆီကို အဏ္ဏဝါမှီရင်း လွင့်ဘက်သို့လှည့်ထိုင်လိုက်သည်။ လွင်က အဏ္ဏဝါပြောနေသည်ကို စိတ်မရောက်။ သူ့ဖုန်းထဲက ဓာတ်ပုံတွေကို အငမ်းမရစိုက်ကြည့်နေသည်။
"လွင်"
အဏ္ဏဝါခေါ်သော်ငြား လွင်သည် သူမကိုအရေးမလုပ်။
"ဆုသံသာလွင်"
"ဘာတုန်းဟ"
"ငါမေးစရာရှိတယ်"
"မေးလေ"
ထမိန်ကို သေချာစုသိမ်းပြီး ခြေတစ်ဖက်ကို လွင့်ပေါင်ပေါ်သို့ အဏ္ဏဝါတင်လိုက်သည်။ လွင်က ခြေသလုံးကို ဖက်ခနဲတချက်ရိုက်ပေမယ့် တွန်းတော့မချ။
"မိန်းကလေးချင်းချစ်မိတာကို ဘယ်လိုမြင်လဲ"
လွင်က ဆတ်ခနဲ တချက်လှည့်ကြည့်လာပြီး သူ့ဖုန်းကိုပြန်ကြည့်နေတယ်။ ပြီးတော့ သူ့ခေါင်းသူကုတ်တယ်။
YOU ARE READING
ညို