အခန်း - ၃၀

44.8K 3.4K 483
                                    

"ညို့ကို ကျွန်မ နားမလည်နိုင်ဘူးသိလားညို"

ကက်ဆက်တင်ထားသည့် ခုံရှည်ကို လက်တစ်ဖက်ထောက်၍ တိပ်ခွေရွေးနေသည့်ညို့ကို သူမ သက်ပြင်းမောချကာ ပြောလိုက်မိသည်။ ခန့်လင်းရောင်အား ဘာမှခွန်းတုံ့မပြန်ခဲ့သည့်ညို့ကို သူမ တကယ်ပင် နားမလည်နိုင်။

"မင်းသိစရာတွေများလွန်းတယ် အဏ္ဏဝါ။ ခံနိုင်ရည်မရှိပါဘဲနဲ့ အဆင်သင့်ဖြစ်နေသလို ဟန်မဆောင်ပါနဲ့ကွယ်။ ညိုမင်းကို သနားတယ်ဆိုတာ အပိုမဟုတ်ဘူး။ တကယ်"

သနားစရာကောင်းတဲ့မိန်းမဟာ သူ မဟုတ်တဲ့အတိုင်း ညိုက အဏ္ဏဝါ့ကို ထိုသို့ပြောသည်။ ကက်ဆက်မှ သီချင်းသံလေးထွက်လာတော့ ညို သူမအနားသို့လာထိုင်သည်။ စိုးလွင်လွင်ရဲ့ 'ခွန်အားမျှပါ' သီချင်းကို ညိုထပ်ဖွင့်သည်ပဲ။

"ညို မင်းနဲ့ အကြာကြီးအတူရှိသွားချင်တာ"

ပခုံးစွန်းတစ်ဖက်သို့ ခေါင်းကလေးမှီကာ ပြောလာသည့်ညို။

'တွေ့ချင်တယ်အချစ်နဲ့ .. တို့မဆုံတာကြာခဲ့ပြီ။ မေ့ပင်လယ်ရေစီးကြောင်းထဲမှာ..'

စိုးလွင်လွင်၏ လေးပင်ထူးခြားလှသော အသံက အခန်းထဲ ပျံ့လွင့်လာသည်။

"နီးတော့မလိုနဲ့ ဝေးဝေးလာတယ်.. ပြုံးတော့မလိုနဲ့ မဲ့မဲ့လာတယ် တို့ .. အချစ်ဆုံး မင်းကို အပြစ်မဖွဲ့ရက်ပေမယ့်.."

ညိုက ခပ်တိုးတိုးလေး သီချင်းကို လိုက်ငြီးသည်။ အဏ္ဏဝါ့၏ လက်မောင်းသားများသို့ ခပ်ဖွဖွလေး ဖြစ်ညှစ်ကာ ကစားနေသော ညို့လက်များ။ ခုတင်ဘေးသို့ ခြေချကာထိုင်ထားသည်မို့ ညို့ခြေဖျားများကို သူမ ငုံ့ကြည့်နေမိသည်။

'မုန်းချင်နေတဲ့ သူ့ရဲ့အမူအယာတွေပြရင် .. အားငယ်တယ် တို့ စိတ်ထိန်းမရပါ..'

ညို့ရဲ့ ညာခြေသန်းလေးကို အဏ္ဏဝါ့ခြေထောက်ဖြင့် တို့လိုက်တော့ ညိုက သဘောကျစွာ ခစ်ခနဲရယ်ချသည်။ ထို့နောက် ခြေဖမိုးတစ်ခုလုံးသို့ သူမခြေဖဝါးဖြင့် ထပ်ကာ ခပ်ဖွဖွပွတ်ဆွဲတော့ ညို့ရယ်သံကလေး တိတ်သွားသည်။

တဖြည်းဖြည်း ကြာရှည်လာသည့် ထိုအထိအတွေ့ကြောင့် အဏ္ဏဝါ အသက်ရှူရခက်ခဲလာသည်။ ကက်ဆက်မှ သီချင်းနောက်တစ်ပုဒ်ပြောင်းသွားသည်။ စိုးလွင်လွင်၏ သီချင်းနောက်တစ်ပုဒ်ပင်ဖြစ်သည်။

ညိုWhere stories live. Discover now