အခန်း - ၁၉

43.2K 3.7K 533
                                    

ညို့မျက်ဝန်းများ ယခုလောက်တောက်ပနေတာမျိုး မမြင်ခဲ့ဖူးချေ။ ညိုသည် အားရပါးရ မပြုံးပြသော်ငြားလည်း အရာအားလုံးကို (ခေတ္တ)လွှတ်ချပြီး အဏ္ဏဝါ့ထံ လှမ်းခဲ့ရပုံပေါ်ပါသည်။

"အဟုတ်ကြီး ကျွန်မကိုပြန်ချစ်တာလား"

ခုတင်ပေါ်မှ ဆွေ့ခနဲဆင်းပြီး ညို့အရှေ့တည့်တည့်ကိုသွားရပ်တော့ ညိုက မော့ကြည့်ပြီး ခေါင်းညိတ်ပြသည်။

"အခုထိတော့ ညို့မှာ သတ္တိတွေအလုံအလောက်မရှိပေမယ့် ကြိုးစားကြည့်ချင်လာတယ်လေ။ အဏ္ဏဝါ့ကိုမြင်ရင် စိတ်ထဲ ပွေရှုပ်လွန်းလှတာကို။ ညို သည်းမခံနိုင်ဘူး အဲ့ခံစားချက်ကို"

အဏ္ဏဝါ့အင်္ကျီ၏ခါးအနားစဆီသို့ ညို့လက်မနှင့်လက်ညှိုးလေး ခိုတွဲလာသည်။ ညိုသာ ပြန်ချစ်ရင် ဘယ်လိုခံစားရမှာဟု ကြိုတင်စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ယခုခံစားချက်အား တစ်စိုးတစ်စဉ်းမျှပင် မမှီပါ။ ပုံဖော်၍ မပြတတ်။ ညို့လို အမျိုးသမီးက ငါ့ကို ချစ်တယ်တဲ့လား ဟူသည့် အသိတစ်ခုသည်သာ ခေါင်းထဲရှိသည်။

"ကျေးဇူးတင်ပါတယ်ညို"

ညို၏လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်သည့်အခါ ညိုက ထိုင်လျက်ကပင် အဏ္ဏဝါ့ခါးကို လက်ဖြင့်နွယ်သည်။ ရင််ခုန်နေသည်ထက် ညို့ကို ကာကွယ်ပေးချင်စိတ်တို့သာဖြစ်ရသည်။ တောက်ပြောင်နေသာ ကြေးမုံကြီးထက်၌ သူမကိုမှီ၍ ကျစ်နေအောင်ဖက်ထားသည့် ညို့သဏ္ဉာန်ကိုသာ ထင်းလင်းစွာမြင်ရသည်။ အရာအားလုံးလှပပါသည်။ ညို့ကိုမှချစ်မိ၍ သေပျော်သည့်ခံစားချက်ကိုပင် ရရ၏။

~

"ဘယ်အချိန်သွားကြမှာလဲ။ နောက်ကျမယ်နော် ညို"

"အဏ္ဏဝါ ရေချိုးနေတုန်းမေမေရဲ့။ ညိုက ချိုးပြီးပြီ။ သူပြီးတာနဲ့ သွားမှာ"

ရေချိုးပြီးလို့ လန်းဆန်းနေတဲ့စိတ်အစဉ်နဲ့ မနေ့ညတည်းက ပျော်ရွှင်နေတဲ့ဓာတ်ဟာ ညို့တစ်ကိုယ်လုံး ပျံ့နှံ့လို့နေသည်။ လက်ထဲက စာအုပ်ကို ဖတ်ဟန်ပြနေပေမယ့် တကယ်တမ်း စိတ်တွေက စာအုပ်ထံမှာမရှိ။

ညိုWhere stories live. Discover now