Scroll down for Zawgyi font
{မင်း ငါ့အိမ်မှာ ပန်းလာမခူးတော့ဘူးလား?}
" ဩကာသ၊ ဩကာသ၊ ဩကာသ၊ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား "
နံနက်ခင်းအာရုံတက်ချိန်တွင် ကြည်လင်ပြတ်သားသော ဘုရားရှိခိုးသံသည် အရပ်ရှစ်မျက်နှာတစ်ခွင်ကို ပျံ့နှံ့နေပါသည်။ လူလတ်တန်းစားမိသားစုအများအပြားနေထိုင်သော ရပ်ကွက်အတွင်း၌ လူအများစုသည် နေ့တစ်နေ့ကို စတင်ရန်အတွက် ပြင်ဆင်လှုပ်ရှားနေကြပြီဖြစ်သည်။ လူအများအပြားသည် တမင်တကာအော်ဆိုနေခြင်းလည်းမဟုတ် ၊ တိုးတိုးသာသာဆိုနေခြင်းလည်း မဟုတ်၊ မြန်လည်းမမြန် နှေးလည်းမနှေးသော ဘုရားရှိခိုးပူဇော်နေသော လူငယ်လေး၏အသံကြောင့် နံနက်ခင်းကား ကျက်သရေအဖြာဖြာပြည့်စုံသွားစေသည်။
" မေကြီးရေ ကျွန်တော် ထမင်းအိုးချက်ထားပြီးပြီဗျ ၊ဒီနေ့လည်း ကျွန်တော်ပဲ ဆိုင်ခင်းလိုက်မယ်၊ ကျောင်းမသွားခင် ဘကြီးတင်တို့အိမ်က ဟင်းသီးဟင်းရွက်တွေယူခဲ့မယ်၊ မေကြီး အိပ်ရေးဝမှ ထခဲ့ပါဗျ "
ဘုရားရှိခိုးပြီးသွားသော ဥဒေါင်းညိုက အိမ်အပေါ်ထပ်တက်ကာ သူ့အမေကိုပြောလိုက်သည်။ အဖေက သာမန်အစိုးရဝန်ထမ်းဖြစ်ပြီး အမေက ရပ်ကွက်အတွင်း ကုန်စုံဆိုင်ကလေးဖွင့်ထားသော ရိုးရှင်းသော မိသားစုက သားဖြစ်သော ဥဒေါင်းညိုက ရပ်ကွက်၏ အချစ်ခံလေးဖြစ်သည်။ လိမ္မာရေးခြားရှိပြီး အများကို ကူညီတတ်သော ကျောင်းသားလေးက ယနေ့တွင် ဆယ်တန်းကို စတက်ရပြီဖြစ်သည်။ နောက်နှစ်သာဆိုရင် သူက အဆင့်မြင့်တက္ကသိုလ်ကို ဝင်ခွင့်ရရန် ဖြေဆိုရမည်ဖြစ်သည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction