အပိုင်း(၆)မာလကာသီးသကြားလုံးအခွံက ကံကောင်းစေတဲ့အဆောင်လား ?

427 50 0
                                    

Scroll down for Zawgyi font

မာလကာသီးသကြားလုံးအခွံက ကံကောင်းစေတဲ့အဆောင်လား ?  》

" ကဲ ဒါဆိုမနေ့က ဆရာပေးလိုက်တဲ့ သင်္ချာအိမ်စာတွေကို ပြန်စစ်မယ်၊ စာအုပ်တွေကို အတန်းအချိန်မပြီးခင် အတန်းခေါင်းဆောင်က သိမ်းပြီးတော့  ဆရာ့စားပွဲပေါ်မှာတင်ပေးထားဖို့ အကူအညီတောင်းပါတယ်  "

ဒသမတန်း(A)ခန်း၏ သင်္ချာအချိန်တွင် ဆရာက ပုစ္ဆာတစ်ပုဒ်ကို တွက်ပြအပြီးတွင် ပြောလိုက်သည်။  ဥဒေါင်းညိုက မတ်တပ်ရပ်ပြီးတော့ " ဟုတ်ကဲ့ပါ ခင်ဗျ " ဟု ဖြေလိုက်သည်။ ပြီးနောက် ဥဒေါင်းညိုက ခုံတွင် တည်ငြိမ်စွာ ပြန်ထိုင်လိုက်သည်။

  ယနေ့တွင် ဥဒေါင်းညို၏ ဘေးတွင် တန်းခွဲ (B ) က ပြောင်းလာသော ပြည့်စုံကျော်က လာထိုင်နေပြီဖြစ်တာကြောင့် နောက်ဆုံးတန်းက သုံးယောက်ဖြစ်နေသည်။ တစ်တန်းတွင် လေးယောက်ထိုင်ရပေမဲ့ မြတ်သျှင်မောင်၏ ဝဖိုင်ဖိုင့်ခန္ဓာကိုယ်ကြောင့် သုံးယောက်သာ ထိုင်နေရသည်။

" ပြည့်စုံကျော် ငါ့ကို Log ငှားပေးပါဦး၊ ငါ့စာအုပ်ကို ရှေ့တန်းက ငှားထားလို့ " မြတ်သျှင်မောင်က  အလယ်မှာ ထိုင်နေတဲ့ ဥဒေါင်းညိုကို ကျော်ပြီးတော့ ပြည့်စုံကျော်ဆီက ငှားလိုက်သည်။ သူက ဥဒေါင်းညိုဆီက ငှားချင်ပေမဲ့ ဥဒေါင်းညိုက ကြည့်နေတာကြောင့် သူက ပြည့်စုံကျော်ဆီက ငှားလိုက်သည်။

" ဆရာ့နာမည်ကို ငါမသိလို့ ပြောပြပါလား ? " ပြည့်စုံကျော်က မေးလိုက်သည်။

" ဆရာ ဦးချစ်မောင်လေ ၊ ဆရာက သင်တာကောင်းတယ်မလား ? မင်း ဘယ်အခန်းတွေကို ရောက်နေတာလဲ မသိသေးရင် ငါပြောပြပေးမယ် " မြတ်သျှင်မောင်က ဖြေလိုက်သည်။

" ဒါဆို မုန့်စားဆင်းချိန်ရောက်ရင် ငါကို ပြောပြပေးဦး " ပြည့်စုံကျော်က ပြောလိုက်သည်။

" ဝိုး မင်းအဲဘောပင်ကို  ဝယ်လို့ရခဲ့တာလား ? ငါ သွားဝယ်တုန်းက ဆိုင်မှာ ကုန်နေပြီဆိုလို့လေ " မြတ်သျှင်မောင်က အကန့််အသတ်နှင့် ထုတ်ထားသော KIZO ဘောပင်ကို မြင်သောအခါတွင် သူက ပြောလာသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Dove le storie prendono vita. Scoprilo ora