အပိုင်း(၃၃)စုံတွဲတွေကြားမှာ ကျွန်တော်တို့က မြေစာပင်လေးပါ ဒုတိယပိုင်း

320 33 0
                                    


" ချီးယားစ် ခွက်ချင်းတိုက်ကြစို့ "

မြတ်သျှင်မောင်တို့ သုံးယောက်က ထမင်းဆိုင်သို့ မရောက်ခင် လမ်းတစ်ဝက်၌ ကြံရည်ဝယ်သောက်နေကြခြင်းဖြစ်သည်။ ကြံရည်တစ်ခွက်ချင်းတိုက်ကာ သူတို့က ရုပ်ရှင်တွေထဲမှာ မြင်နေကြသလို ခွက်ချင်းတိုက်ကာ သောက်လေသည်။ နေပူပူကြီးထဲကနေ လာတာကြောင့် ပူနွေးနေစဉ် ရေခဲတုံးများထည့်ထား၍ အေးမြသော ကြံရည်က ရင်တစ်လျှောက်ကို အေးမြသွားစေသည်။ သူတို့က ကြံရည်သောက်နေကြစဉ် ဈေးဖက်က လာသော အမျိုးသမီးကြီးတစ်ဦးက ကြံရည်ဆိုင်ဖက်သို့ ခပ်သုတ်သုတ်လျှောက်လာသည်။

ကြံရည်ဆိုင်က ယိုးဒယားဈေးနဲ့ နီးတာကြောင့် ဈေးက အပြန်ဈေးဝယ်သူများဖြင့် စည်ကားနေတတ်သည်။ ကြံရည်ဆိုင်ဘေးတွင် အခွေဆိုင်ရှိပြီး ကြီးကြီးငြိမ်းက တရားခွေတွေ ဝယ်တတ်သည်။ မင်းခန့်ကလည်း မနက်တိုင်း ထမင်းဆိုင်အတွက် ဈေးလာဝယ်တာကြောင့် ဈေးထဲက သူများနဲ့ မျက်မှန်းတန်းမိကြသည်။ ရန်ပိုင်ကလည်း သူ့အမေနောက် ဈေးခြင်းလိုက်သယ်နေကြဖြစ်သည်။ သူတို့က ဈေးကို ဖြတ်သွားရင် ဈေးသည်များနှင့် စကားပြောနှုတ်ဆက်လေ့ရှိသည်.

ထိုအမျိုးသမီးကြီးက သူခြင်းတောင်းကြီးကို ကြံရည်ဆိုင်မှာ ချလိုက်ပြီးတော့ သူက ပူတာကြောင့် သူ၏ဦးထုပ်နှင့် တဖျတ်ဖျတ် ခတ်နေလေသည်။

" မောင်သောင်း ငါ့ကို ကြံရည်တစ်ခွက်ပေးစမ်းအေ " ထိုမိန်းမကြီးက ပြောလေသည်။ ကြံရည်သည်က ကြံရည်တစ်ခွက် ပေးသောအခါတွင် ထိုမိန်းမကြီးက ကြံရည်ကို တဂွက်ဂွက်သောက်ကာ ကျေနပ်သွားပုံရသည်။

" နောက်တစ်ခွက်ပေးစမ်းအေ ၊ နင့်ကြံရည်က ရေခဲတွေချည်းပဲ၊ ကြံရည်ကို နည်းနည်းပဲထည့်ပြီး ရေခဲပဲ ရောင်းစားလိုက်ပါတော့လားအေ ၊ နင့်ကြံရည်က တစ်ခွက် ဘယ်လောက်တုံး "

" အစ်မကြီးရယ် ကြံတွေကလည်း ရှားပါဘိနဲ့၊ ဒါတောင် ကျွန်တော်က မြို့သစ်ဈေးကြီးထိ သွားပြီး ဝယ်ခဲ့လို့ရတာ၊ ကြံရည်တစ်ခွက်ကို လေးရာနဲ့ ရတာ ဒီခေတ်ကြီးထဲ ကျွန်တော်ပဲ ရှိတော့မယ် " ကြံရည်သည်က ညည်းညည်းညူညူပြောရင်း ကြံရည်နောက်တစ်ခွက် ပေးလေသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now