အပိုင်း(၃၂) စုံတွဲကြားမှာ ကျွန်တော်က မြေစာပင်လေးပါ ...

331 33 1
                                    


" ခဏလေး ငါ ရှင်းပြပါ့မယ်ကွာ " ဥဒေါင်းညိုက ထွက်သွားဖို့ ပြင်နေတဲ့ မြတ်သျှင်မောင်ကိုပြန်ဆွဲထားလျက် သူက ပြောလေသည်။

ဥဒေါင်းညိုက ခင်ဦးကို ကြည့်မိလိုက်ပြန်တော့ ခင်ဦးက သူ့ဘာအပြစ်မှ မလုပ်ထားတာကြောင့် မျက်နှာငယ်လေးနှင့် ကြည့်နေလေသည်။

" တကယ်ဆို ငါက မေးရမှာ မဟုတ်လား? နင်က ဘော်ဒါလည်း မနေသေးဘဲ ဘာလို့ ဥဒေါင်းညိုနဲ့တူတူအိပ်နေတာလဲ ? ဆရာမကြီး သိသွားရင် နှစ်ယောက်စလုံးအဆူခံရမယ့်ကိစ္စကို ငါက မေးရမှာလေ ၊ ပြီးတော့ ငါက ဥဒေါင်းညိုအခန်းထဲကို လာနေကြပဲ ၊ မနက်တိုင်း ငါတို့နှစ်ယောက်က အတန်းတူတူတက်ရတာ ။ တချို့နေ့တွေမှာ ဥဒေါင်းညိုက အိပ်ယာထနောက်ကျနေတာမျိုးရှိလို့ ငါက နှိုးပေးမလို့လာတာ၊ တကယ်လို့ လာနှိုးပေးတာ ငါမဟုတ်ဘဲ ဆရာမကြီးဆိုရင် ဘယ်လိုလုပ်မလဲ ? "

ဥဒေါင်းညိုက မြတ်သျှင်မောင်ကို ထပ်ပြောချင်သေးပေမဲ့လည်း မြတ်သျှင်မောင်က သူ့ကို ထပ်ပြောခွင့်မပေးဘဲ သူ့ကို စိတ်ပျက်လက်ပျက်နဲ့ ရပ်ကြည့်နေသည်ကို တွေ့လိုက်ရတာကြောင့် ဥဒေါင်းညို စကားတို့ ရပ်တန့်သွားသည်။

" သောက်ရမ်းလွယ်တဲ့ ကောင် " မြတ်သျှင်မောင်က ထိုတစ်ခွန်းတည်း ပြောကာ အခန်းထဲက ထွက်လာခဲ့သည်။ ဘယ်လိုမိန်းကလေးမျိုးက ကာယကံရှင် ယောကျ်ားလေးရဲ့ ခွင့်ပြုချက်မရှိဘဲ ထိုယောကျာ်းလေး၏အခန်းထဲကို တံခါးမရှိဓားမရှိဝင်နိုင်တာမျိုး ရှိလို့လဲ ။ လူတိုင်းအပေါ်ကို ကောင်းပြနေလိုက်တာ သူ့ကိုယ်သူ ဘုရားလောင်းများ အောက်မေ့နေတာလားမသိပေ။ မြတ်သျှင်မောင်က အိမ်သို့ ပြန်လာရင်း သူက မျက်ရည်များ စီးကျလာသည်။

သူ မကြားဖူးဘူးများထင်နေသလား ။ ဥဒေါင်းညိုနဲ့ ခင်ဦးတို့အကြောင်းကောလဟာလတွေကို ကြားနေရင်တောင် သူတစ်ယောက်တည်းအပေါ်ကိုပဲ ကောင်းပေးတယ်ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့ နားပိတ်နေခဲ့သည်။ ယောကျာ်းလေးတိုင်း ချောမောတဲ့ ကောင်မလေးတွေကို သဘောကျတတ်တာကိုရော ဆယ်ကျော်သက်ကောင်လေးတွေက အပြောင်းအလဲမြန်တတ်ကြောင်း ကြားဖူးပေမဲ့ ဥဒေါင်းညိုကိုတော့ ယုံလိုက်လို့ ရတယ်ဆိုတဲ့ သူ့ရဲ့ တုံးအတဲ့ စိတ် ။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now