Scroll down for Zawgyi font
{စိန်ပန်းပွင့်လေးက မင်းနဲ့တူတယ်။
ငါ မင်းကို လက်ဆောင်ပေးမယ်}" အဲတာဆိုရင် Whiteboard ပေါ်က ရေးထားတာကို ကူးပြီးရင် တီချယ်အိမ်စာလေးနည်းနည်းပေးမယ်နော် " ဓာတုဗေဒဆရာမက ဖတ်စာအုပ်ကို တဖြတ်ဖြတ်လှန်နေလေသည်။
အခုအချိန်ကတော့ မနက်ခင်း၏ တတိယမြောက်အချိန် ဓာတုဗေဒအချိန်ဖြစ်သည်။ ဤအချိန်ပြီးလျှင် မုန့်စားဆင်းချိန်ဖြစ်တာကြောင့် ကျောင်းသားတွေက ဖင်တကြွကြွဖြစ်နေကြသည်။ အပြင်မှာ မိုးအေးအေးနှင့်မို့ ကျောင်းသားအများစုက ငိုက်မြည်းနေလေသည်။ မြတ်သျှင်မောင်ရှေ့တန်းက မင်းခန့််နှင့် ရန်ပိုင်က စာရွက်တိုလေးတွေမှာ စာရေးကာ စကားများနေလေသည်။ မြတ်သျှင်မောင်ကတော့ အနည်းငယ်အိပ်ငိုက်နေပေမဲ့ ဓာတုဗေဒဆရာမက သူ့ကို ဗို့အားတစ်ထောင်ရှိသော အကြည့်စူးစူးတွေကြောင့် သူက အတင်းပြူးပြဲကာ ကြည့်နေလေသည်။ ဥဒေါင်းညိုကတော့ သူက စာကို သေချာစူးစိုက်လုပ်နေလေသည်။ မင်းခန့်က စာတိုလေးကို လိပ်ပြီး မြတ်သျှင်မောင်ကို ပေးလိုက်လေသည်။
" ဘာဝယ်မုန့်စားကြရင် ကောင်းမလဲ ? "
မြတ်သျှင်မောင်က အောက်ဖက်မှာ စာတိုလေးရေးပေးလိုက်သည်။
" သင်္ဘောသီးသုပ်နဲ့ ကြာဇံကြော် "
မင်းခန့်က ရန်ပိုင်နဲ့ ခပ်တိုးတိုးပြောလိုက်ပြီးတော့ သူ့ကို စာတိုလေးထပ်ပေးလိုက်သည်။
" ငါ့မှာ လေးရာပဲရှိတယ် ၊ ခေါက်ဆွဲပြုတ်စားကြမလား? "
မြတ်သျှင်မောင်က နည်းနည်းလေး တွေးပြီးတော့မှ ပြန်ရေးလိုက်သည်။
" ခေါက်ဆွဲပြုတ်က ငါ ဝမှာ မဟုတ်ဘူး၊ ငါ ခေါက်ဆွဲကြော်ပဲ စားမယ် ၊ လေးရာဆို ကြက်အူချောင်းပါတယ် "
သူက ထပ်ပေါင်းရေးကာ ပြောလိုက်သည်။ " များများပါတာပဲ ဝယ်စားရမယ် "
ဥဒေါင်းညိုက ရှေ့တန်းနဲ့ စာပေးစာယူလုပ်နေကြတဲ့ မြတ်သျှင်မောင်ကို ကြည့်ပြီး သူက နည်းနည်းလေး ချဉ်လာတာကြောင့် သူက ချောင်းဟန့်လိုက်သည်။ မြတ်သျှင်မောင်က 'ဘာလဲ' ဟူသော အကြည့်နဲ့ ကြည့်လာသောအခါတွင် သူက Whiteboard ကို မေးငေါ့ပြလိုက်သည်။ မြတ်သျှင်မောင်က အဲခါမှ စာကို အမြန်ကူးရေးလာသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction