လမ်းဝါကလေးဘတ်စ်ကားဂိတ်တွင် ရန်ပိုင်တစ်ယောက် မျှော်တောင်ယောင်လုပ်နေရပါသည်။ ဣက္ကိုလ်ပင်ကြီးအောက်က ကားဂိတ်မို့ နေမပူပေမဲ့လည်း ကားဂိတ်မှာ ရှိသော ထိုင်ခုံက မည်သည်ကြောင့်မှန်းမသိဘဲ ရေစိုနေလေသည်။ မနေ့ညက မြတ်သျှင်မောင်က ခွန်မင်းအာကာဟန်က ပိတ်ရက်မို့ သူနဲ အပြင်သွားဖို့ ခေါ်ထားကြောင်း၊ တစ်ယောက်ထဲလည်း မသွားရဲကြောင်း၊ မင်းခန့်နှင့် ဥဒေါင်းညိုကိုသာ ခေါ်လိုက်မည်ဆိုလျှင် သူတို့အချင်းချင်းရန်စောင်နေကြတာနဲ့ သူက ခွန်မင်းအာကာဟန်ကို တောင်းပန်လို့တောင် ရတော့မှာ မဟုတ်ပေ။
ထို့အပြင် ဥဒေါင်းညိုက သည်ကနေ့ ရပ်ကွက်ဘုန်းကြီးကျောင်းမှာ အလှူရှိတာကြောင့် ဘုန်းဘုန်းဘုရားက ခေါ်ထားသဖြင့် အိမ်မှာ မရှိပေ။ မြတ်သျှင်မောင်ကလည်း ခွန်မင်းအာကာဟန်ကို တောင်းပန်လိုတာကြောင့် သူက လိုက်ချင်နေပြန်ရာ နောက်ဆုံးတော့ ရွာလည်ဆီဆုံကြီးက ရန်ပိုင်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
"ဥဒေါင်းညိုသိရင် ငါ အမွေးနှုတ်ခံရမှာကွ ၊ မြတ်သျှင်မောင်ရာ ၊ ငါ ကြားညှပ်သေတဲ့ မသာ မဖြစ်ချင်ဘူး၊ မလိုက်ပါရစေနဲ့ကွာ " ဟု တောင်းပန်ပေမဲ့လည်း မြတ်သျှင်မောင်က သူ့ကို မရမကခေါ်နေတာကြောင့် သူ လိုက်လာခဲ့ရတော့သည်။ ပြီးတော့ ခွန်မင်းအာကာဟန်ဆိုတဲ့ မြွေပွေးကောင်ကို မယုံတာကြောင့်လည်း ပါမည်။
ခေါင်းအစ ခြေအဆုံးအဲကောင်က ယုံကြည်ရတဲ့ ပုံလုံးဝမရဘူး။ ရန်ပိုင်က ကားဂိတ်မှာ စောင့်နေရင်း ကြာလာတာကြောင့် သူက ရေစိုနေသော ခုံက ခြောက်လုလုဖြစ်နေတာကြောင့် ဝင်ထိုင်လိုက်သည်။ ခဏနေလောက်ရင် ရေက လူငွေ့နဲ့ ခြောက်သွားနိုင်လောက်သည်။ အချိန်က ဆယ်နာရီဝန်းကျင်လောက်ရှိဦးမည်။ မြတ်သျှင်မောင်ကတော့ လိပ်မအိုကြီးလို သူ့ဝတီအတိုင်း လှုပ်လီလှုပ်လဲ့နဲ့ လာနေပါဦးမည်ဆိုတာ သူသိပြီးသားပါ။ အဲကောင်ကို သည်းခံနိုင်တာ ဒီလောကဝယ် ဥဒေါင်းညိုတစ်ယောက်သာ ရှိလိမ့်မည်။
ရန်ပိုင်က ကားဂိတ်မှာ စောင့်နေတုန်း ခွန်မင်းအာကာဟန်က ရောက်လာသည်။ ခွန်မင်းအာကာဟန်က သူ့ပုံစံအတိုင်း ဂျင်းဘောင်းဘီနှင့် ခပ်မိုက်မိုက်ရှပ်အင်္ကျီကို တွဲဖက်ဝတ်ဆင်ထားသည်။ သူ့ပုံစံက တက္ကသိုလ်ကျောင်းသားတွေလို ပုံစံမျိုး တုပကာ ဆံပင်ကိုလည်း ထောင်လာသေးသည်။ ဒီလောက် နေပူနေသေးတာကို ခွန်မင်းအာကာဟန်က အဲလ်ဂျော်ဒန်ဖိနပ်ကိုလည်း စီးထားသေးရာ ရန်ပိုင်က သူ့ကို မြင်ခါမှ တစ်ကိုယ်လုံး လောင်မြိုက်သွားသလိုပါပဲ။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction