အပိုင်း(၂၁) ရည်းစားစကားပြောခံရပြီးနောက် ဘာဆက်လုပ်ရမလဲ ?

438 37 2
                                    

   Unicode
  

     ခုန်ပေါက်လှုပ်ရှားနေသော ရင်ဘတ်တစ်နေရာကို ဖိကိုင်ရင်း မြတ်သျှင်မောင်သည် စာကြည့်ခန်းကနေ အမြန်ပြေးလာခဲ့သည်။ ထူးဆန်းတဲ့ ခံစားချက်ကြီးကိုလည်း သူမကြိုက်တာကြောင့် မြတ်သျှင်မောင်သည် စိတ်တိုနေလေသည်။ တစ်ချိန်တည်းမှာပင် ရှက်သွေးဖြာနေရသလိုမျိုး ။ မြတ်သျှင်မောင် သူ့ကိုယ်သူ စိတ်တိုင်းမကျတာကြောင့် သန့်စင်ခန်းသို့ ဝင်ကာ မျက်နှာသစ်လိုက်သည်။ မျက်နှာပြင်တစ်ခုလုံး ပူလောင်နေတာကြောင့် သူ့မျက်နှာကလည်း ပေါက်ထွက်လာတော့မည်ဟု ထင်မှတ်နေလေသည်။

" ခုနက အကြောင်းကို မေ့လိုက် မေ့လိုက် မေ့လိုက် ၊ အဲငှက်ကောင်က  စနောက်နေတာ နေမှာပါ ငါက အဖြောင့်လေ မိန်းကလေးတွေကိုပဲ ကြိုက်တာ ဟုတ်တယ် " မြတ်သျှင်မောင်သည် သူ့မျက်နှာကို ရေနှင့် တဗွမ်းဗွမ်းသစ်လိုက်ရင်း မှန်ထဲသို့ ကြည့်ကာ အားပေးလိုက်သည်။ သို့ပေမဲ့ တစ်ခဏတွင်းမှာပင် ခုနက မြင်ကွင်းများ ရုပ်ရှင်အနှေးပြသလို ဆက်တိုက် ဆက်တိုက် ကွင်းကွင်းကွက်ကွက်ပေါ်လာသောပြန်တော့ မြတ်သျှင်မောင်က ရှက်သွေးပြန်ဖြာကာ သူ့ပါးပြင်ဖောင်းဖောင်းကို လက်ဖဝါးနှစ်ဖက်ဖြင့် ကိုင်လိုက်ကာ

" အဲတာကြောင့် အဲငှက်ကောင်က ငါ့အပေါ်ကို အဲလို ထူးထူးဆန်းဆန်းတွေ ကောင်းပေးနေတာကိုး ၊ ချစ်ဖို့ ကောင်းသားပဲ ......."

ဟု ပြုံးစစလုပ်နေလေသည်။ မျက်နှာပြုံးပြုံးစစလုပ်နေစဉ် မှန်ထဲက ကိုယ့်မျက်နှာကိုယ် ကိုယ်ပြန်မြင်လိုက်ပြီး သူ့ကိုယ်သူ အဖြောင့်ဟု ပြန်သတိဝင်လာသော အခါတွင်

" ဖြန်း အသိစိတ် ကပ်ထားစမ်း ဘာကို ပြုံးစစလုပ်နေတာလဲ " သူ့ကိုယ်သူ ပါးပြန်ရိုက်ကာ အသိပေးလေသည်။ ထိုကဲ့သို့ ပြုံးစစ လုပ်နေလိုက် သူ့ကိုယ်သူ ပြန်သတိပေးလိုက်လုပ်နေရင်း နောက်ဆုံးတောာ့ မြတ်သျှင်မောင်သည် ခေါင်းတစ်ခုလုံး ရေတွေ စိုရွှဲကုန်၍ ပါးနှစ်ဖက်လည်း နီရဲကာ နေလေတော့သည်။

မြတ်သျှင်မောင်သည် သူ၏အတွင်းစိတ်ထဲက ပုန်းအောင်းနေသော အနှီဂေးနတ်ဆိုးကို မြင်တွေ့လိုက်ရပြီးတဲ့နောက် သူက သူ့ကိုယ်သူ ပြုပြင်ထိန်းသိမ်းရဖို့ လိုနေပြီဆိုတာကို သိလိုက်ရသည်။ မြတ်သျှင်မောင်သည် မှန်တွင်းက သူ့ကိုယ်သူ ကြည့်ကာ လက်ညှိုးထိုးကာ ပြောလေသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Hikayelerin yaşadığı yer. Şimdi keşfedin