Unicode" ဒီနေ့ ငါ ကျောင်းအုပ်ရုံးခန်းနားသွားတုန်းက သတင်းကောင်းတစ်ခု သိလာတယ်။ ဘာဖြစ်မလဲ မှန်းကြည့်ကြစမ်း " မုန့်ဈေးတန်းက ပြန်လာတဲ့ ရန်ပိုင်က မြတ်သျှင်မောင်နဲ့ မင်းခန့်ရှေ့မှာ ရှားလော့ဟုမ်းက လျှို့ဝှက်ချက်ကြီးကြီးတစ်ခုကို သိလိုက်ရတဲ့ စတိုင်နဲ့ လာပြောလေသည်။
မင်းခန့်က စာအုပ်ကို လိပ်၍ ရန်ပိုင်ခေါင်းကို ရိုက်လိုက်ပြီးတော့ " စကားများမနေနဲ့၊ ငါ့ဆီက နှိုက်သွားတဲ့ ဘောပင်ကိုသာ ပြန်ပေး "
" ဘောပင်တစ်ချောင်းနဲ့ မွဲသေမှာမို့လား? " ရန်ပိုင်က မင်းခန့်ကိုပြန်ရိုက်ရင်း သူတို့က ဆော့နေကြသည်။
" ငါပြောတာနားထောင်ကွ ငါ အတည်ပြောမှာ ၊ ဒီနေ့ ကျောင်းမှာ ဟောပြောပွဲရှိတယ်တဲ့ "
" ဟေး ဟေး ဒီအပတ် ဟောပြောပွဲတွေချည်းပဲနော် ၊ အရမ်းပျော်တာပဲ ဒီလိုနေ့တွေဆို " မင်းခန့်က စားပွဲကိုပါ ထုလိုက်ပြီးတော့ သူက ပျော်နေလေသည်။
မြတ်သျှင်မောင်က ရန်ပိုင်ဆိက မုန့်ကို ယူစားလိုက်ရင်း" ငါ အစောကြီးထဲက သိသားပဲ ၊ ဥဒေါင်းညိုက ကျောင်းကောင်စီအဖွဲ့ဝင်တွေနဲ့ သွားလိုက်ကတည်းက ငါက ကြိုသိပြီးသား "
မင်းခန့်နဲ့ ရန်ပိုင်က ဂုဏ်ဆာတဲ့ မျက်နှာထားနဲ့ ပြောနေတဲ့ မြတ်သျှင်မောင်ကို ကြည့်ကာနှစ်ယောက်စလုံးက မျက်စိလှန်ကာနှုတ်ခမ်းကို မဲ့ရွဲ့ရင်း
" ယောက်ျားဂုဏော အနန္တောဆိုတာ မင်းမှ မင်းပဲ " ဟု တိုးတိုးပြောလေသည်။
" မင်းတို့နှစ်ယောက် ဘာပြောနေတာလဲ ? " နှစ်ယောက်သားတိုးတိုးပြောနေကြတဲ့ မင်းခန့်နဲ့ရန်ပိုင်ကို မေးလိုက်သည်။
" မင်းကို ပြောပြစရာလား ? " ရန်ပိုင်က လျှာထုတ်ပြောင်ပြရင်း သူတို့သုံးယောက်က ဆရာမ,မလာခင်အထိ ဆော့ကစားနေကြလေသည်။
မနက်ခင်း စာသင်ချိန်က ၈နာရီတွင်ပြီးသွားတဲ့နောက် ဆရာမက သူတို့ကိုမီးဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ဟောပြောပွဲကို တက်ဖို့လာခေါ်လေသည်။ ပုံမှန်နှစ်ဆို မီးဘေးနှင့်ပတ်သက်သည်တို့က ပွင့်လင်းရာသီရောက်ခါမှ လုပ်ပေမဲ့လည်း ယမန်နှစ်က မိုးတွင်းကာလ၌ မီးလောင်မှုက နှစ်ရာကျော်နီးပါးဖြစ်ပွားခဲ့တာကြောင့် ယခုနှစ်တွင် မိုးတွင်း၌ ပြုလုပ်ရခြင်းဖြစ်လေသည်။ အတန်းခေါင်းဆောင်မရှိတာကြောင့် မိန်းကလေးအတန်းခေါင်းဆောင်က သူတို့ကို တန်းစီပေးနေလေသည်။ မြတ်သျှင်မောင်တို့ကလည်း ရယ်ရယ်မောမောဖြင့် တန်းစီလိုက်ကြသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction