"မြတ်သျှင်မောင် ငါ့ကို စာကူကြည့်ပေးပါဦးနော် " ဥဒေါင်းညိုက သူ၏ ယောကျာ်းရင့်မာအသံဩကြီးအား အင်မတန် အင်မတန့်ပျစ်ချွဲစေးကပ်နေအောင် ပြုလုပ်ရင်း မြတ်သျှင်မောင်အား ချွဲနွဲနေလေသည်။ သူ၏ ၁၈၀ စင်တီမီတာအရပ်ကြီးမှ အားမနာ မြတ်သျှင်မောင်အား မှီခိုတွယ်ကပ်ကာ အတင်းအကြပ်ပင် စာကူလုပ်ပေးရန်ပြောနေလေသည်။
အမှန်တကယ်ပင် ထူးချွန်ထက်မြတ်ကြသော ကျောင်းသားကျောင်းသူများ ရှိကြသည်ဆိုသည့်အချက်ကား ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိပေ။ ကျောင်းလူရည်ချွန်ပြိုင်ဆိုင်မှုတွင် နောက်ကျခဲ့ရသော ဥဒေါင်းညိုသည် တစ်ပတ်အတွင်း ကျင်းပသော မြန်မာစွမ်းရည်၌ ပထမအဆင့်ဖြင့်တက်လှမ်းကာ ခရိုင်ကိုယ်စားပြုထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။
အခုက ဥဒေါင်းညိုမှ မြတ်သျှင်မောင်အား သူနဲ့အတူ အတူလိုက်ကာ စာကြည့်ရာတွင် ကူညီပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။ တိတိကျကျဆိုရမည်ဆိုပါက မြတ်သျှင်မောင်နှင့်အတူ စာကြည့်တိုက်တွင် နှစ်ယောက်ထဲ နေချင်တာ ဖြစ်ပေလိမ့်မည်။
" မင်းကလည်း ငါ မလိုက်ချင်ပါဘူး။ နောက်တစ်ချိန်က သင်္ချာအချိန်လေကွာ ငါ လိုက်ရင် ငါမမှီဘဲနေမှာပေါ့ "
" ငါလည်း မသင်ရဘူးလေ " ဥဒေါင်းညိုက မြတ်သျှင်မောင်ကို မရရအောင် ခေါ်ရန် ပြင်ဆင်ထားပုံရသည်။ မြတ်သျှင်မောင်က တစ်ခဏမျှ တွေဝေသွားပြီးနောက်
" မင်းက ပြန်ကြည့်ရင် ရနိုင်ပေမဲ့ ငါက မရနိုင်ဘူး၊ငါ အရမ်းတုံးတာမင်းသိရဲ့သားနဲ့ " မြတ်သျှင်မောင်က အမှန်တကယ်ကိုပင် အခက်တွေ့နေလေသည်။ သူက စာသင်ချိန်ကို မပျက်ချင်ပေ။ သူ၏ ရှေ့အပတ်က သင်္ချာရလာဒ်များက အလွန်ဆိုးရွားနေတာကြောင့် သူက ပို၍ အာရုံစိုက်ထားရန် လိုအပ်လေသည်။ ထို့အပြင် ဥဒေါင်းညိုက သူ့ကို မရမကခေါ်မည်ဖြစ်တာကြောင့် သူက မင်းခန့်တို့ကို ခြေနဲ့လှမ်းကန်ကာ ကူညီပေးဖို့ ပြောပေမဲ့ ရန်ပိုင်နဲ့မင်းခန့်က ကာမဂုဏ်ငါးပါးကင်းမဲ့နေသူများပမာ မသိကျိုးကျွံပြုကာ စာကိုသာ ကုန်းရေးနေလေသည်။
ဥဒေါင်းညိုသည် မြတ်သျှင်မောင်အနားကို ကပ်ရင်း ရွှေပြည်နန်းသနပ်ခါးကို ပါးပြင်ပေါ်ညီညီညာညာလိမ်းထားတာကြောင့် ကံ့ကော်ရနံ့သင်းသင်းလေးက နှာဖျားဝကို တိုးဝှေ့နေတာကြောင့် သူက နစ်ဝင်သွားအောင် မွှေးကြူချင်စိတ်ကို ထိန်းထားရလေသည်။ မြတ်သျှင်မောင်က တကယ့်ကို ထိတွေ့ရတာကောင်းသည်။ကလေးလေးတစ်ယောက်ကို ထိတွေ့နေရသလို ကြည်နူးတဲ့ စိတ်ကလေးဖြစ်မိအောင်ပင် ၊အချိန်တိုင်း အိမ်မွေးခွေးကြီးလိုမျိုး ပွတ်သပ်ချင်စိတ်ကို အတောမသတ်နိုင်အောင် ဖြစ်ရလေသည်။
VOCÊ ESTÁ LENDO
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Ficção AdolescenteMyanmar Teens fiction