Unicode
ဟောဟဲ ဟောဟဲ အမလေး မောလိုက်တာ။
သရဲကြောက်ဇောနဲ့ပြေးလာတဲ့ မြတ်သျှင်မောင်က ဥဒေါင်းညို အိမ်ရှေ့ရောက်တော့ သူက အတော်ကို မောပန်းကာ ဟောဟဲလိုက်နေတော့သည်။ အတူပြေးလာတဲ့ ဥဒေါင်းညိုကလည်း အလားတူမောနေတာကြောင့် သူက ခြံရှေ့ရောက်တဲ့အချိန်မှာ သူလည်း ရပ်ကာ အမောဖြေနေခဲ့သည်။
မိုးနံ့ကလေးရလိုက်တာကြောင့် လေအေးတစ်ဝှေ့က ဖြတ်သွားချိန်၌ ချွေးများက အေးခနဲဖြစ်သွားသည်။ ပြေးလာတဲ့သူတိုနှစ်ယောက်ကလည်း လေအေးများကြောင့် စိမ့်ခနဲပင် ဖြစ်သွားသေးသည်။
"အရမ်းကြောက်ဖို့ ကောင်းတာပဲ၊ အဲတာ ဟိုအရက်သမား သရဲကြီးဖြစ်လိမ့်မယ်ထင်တယ်။ ငါ မင်းပြောတာကို မယုံခဲ့ဘူး။ ဒါပေမဲ့ တကယ်ကြီးတွေ့ရတော့ အရမ်းကြောက်စရာကောင်းတယ်။ ငါ အဲနားမှာတင် လိပ်ပြာလွင့်ပြီထင်တာ ၊ ဒီနေ့တော့ ငါ့ကို ဘုရားကယ်တာပဲ "
မြတ်သျှင်မောင်က ရင်ဘတ်ကို ဖိကာ ပြောလေသည်။ ဥဒေါင်းညိုက မြတ်သျှင်မောင်ကို ငေးစိုက်ကြည့်နေပြီးတော့ သူက ပြုံးရုံသာပြုံးနေလေသည်။" မင်း ဘာလုပ်နေတာတုန်း ? မြန်မြန်ဖွင့်လေ "
" အေးပါ လာလာ အထဲဝင် " ဥဒေါင်းညိုက မြတ်သျှင်မောင်ကို တံခါးဖွင့်ပေးလိုက်ပြီးနောက် သူက ခြံဝင်းတံခါးကိုပါ လုံခြုံစွာ ပိတ်လိုက်သည်။ မြတ်သျှင်မောင်သည် ဥဒေါင်းညို၏ အိမ်အပေါ်ထပ်ကို တစ်ခါမှ မရောက်ဖူးတာကြောင့် သူက လှေကားဝတွင် ရပ်စောင့်နေလေသည်။ ဥဒေါင်းညိုက အောက်ထပ်ရှိ တံခါးနှင့်မီးများကို လုံခြုံစွာပိတ်ပြီးတဲ့နောက် သူက မြတ်သျှင်မောင်ကို အိမ်ပေါ်ခေါ်လာခဲ့သည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction