"ဟေ့ကောင် မြတ်သျှင်မောင် လာကွ ! မြန်မြန် ! "ရန်ပိုင်၏ ရေးကြီးသုတ်ပြာအော်သံနှင့်အတူ ပြေးတက်လာသော သူငယ်ချင်းဖြစ်သူကြောင့် မြတ်သျှင်မောင် စာရေးနေရာမှ အမြန်ထကာ တံခါးဖွင့်ပေးလိုက်ရသည်။ ဘေးကုတင်က မြတ်သာဦးကတောင် ကိုယ်ပိုင်စာကြည့်ချိန်မှာ ခိုးအိပ်နေသည်ကို နိုးကာ ပြူးတူးပြဲတဲနဲ့ ထကြည့်လေသည်။
" ဘာဖြစ်လာတာလဲ ? မင်းကို ခွေးလိုက်ဆွဲလို့လား ? "
ဟောဟဲ၊ ဟောဟဲ ရန်ပိုင်က အမောတကောပြေးလာတာကြောင့် သူက စကားပြောဖို့တောင် အတော်လေးအားယူနေရသည်။ ထို့ကြောင့် မြတ်သျှင်မောင်က စာအုပ်နဲ့ယပ်ခတ်ပေးနေရလေသည်။
" မင်းကောင် ရန်ဖြစ်တဲ့အထဲ ပါလို့တဲ့ ! "
" မင်းကောင် ? ဘယ်သူတုန်း ?"
" ဥဒေါင်းညိုလေ ၊ မျိုးဇင်နှမကို အထက၂ကကောင်တွေက ရည်းစားစကားလိုက်ပြောတာ၊ အဲမှာ မျိုးဇင်က ထထိုးရင်း ရန်ပွဲတွေ ဖြစ်ကြတာ၊ အဲတာ ဥဒေါင်းညိုပါ ပါလာလို့၊ ဆရာမကြီး ဆူနေတယ် ၊ မြန်မြန်လာ "
ရန်ပိုင်က ပြောလည်း ပြော၊လက်ကိုလည်း ဆွဲကာ ပြေးတာကြောင့် မြတ်သျှင်မောင် စွပ်ကျယ်နဲ့ ဂျေဂျေဘောင်းဘီတိုနဲ့ အခန်းတွင်းစတိုင်ဖြင့် လိုက်သွားရလေသည်။
ဆရာမကြီးဆူနေတဲ့နေရာကိုတော့ သူတို့တိုက်ရိုက်သွားကြည့်လို့မရပေ။ ထို့ကြောင့် သူတို့က အပြင်ဖက်အခန်းကနေ ချောင်းနေကြသောသူများဘေးမှ ဝင်တိုးကာ ချောင်းကြည့်ရလေသည်။
" မင်းတို့ကိုယ် မင်းတို့ ဆယ်တန်းကျောင်းသားတွေဆိုတာကို သိသေးကြရဲ့လား ? တနေ့နေ့ စာကို အသေအကြေကြိုးစားကြမယ်ဆိုတာ မရှိကြဘူး၊။ အချိန်အားရင် အပြင်ထွက်မယ်၊ ဂိမ်းဆိုင်သွားမယ်၊ ဒါပဲ တွေးနေကြတယ်။ မင်းတို့ ဆယ်တန်းကို ပေါ့ပေါ့သေးသေးမှတ်နေသလား ! ကြည့်လိုက် ၊ ဒီအခန်းထဲက လူတစ်ဝက်လောက် အောင်ရင်တောင် မင်းတို့ကို ဘုရားမတာပဲ ! ဆယ်တန်းကျောင်းသားဆိုတာ ကံ၊ဉာဏ်၊ဝီရိယ သုံးပါးစလုံးပြည့်စုံနေမှ ရမှာ၊ စာလုပ်ဖို့ ဝီရိယစိုက်မယ်ဆိုတာ မရှိဘူး၊ "
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction