အပိုင်း(၁၇)တစ်ခုခုကို မှားယွင်းနေတာကို သိပေမဲ့လည်း မည်သည်က မှားနေမှန်းမသိပေ။

308 38 0
                                    

မိုးရွာသော နေ့လယ်ခင်းတစ်ခု။

   တန်းခွဲ(A)၏ ကျောင်းသားများသည် အတန်းထဲတွင် ပြန်လှန်လေ့ကျင့်ခန်းများကို လုပ်နေစဉ် နောက်တန်းက အဆိုးလေးများကလည်း သူ့တို့ဝတီအတိုင်း ဆော့နေကြဖို့မမေ့ပေ။

" အတန်းအားတုန်း မုန့်ဈေးတန်းသွားကြမလား ?" ရန်ပိုင်က မေးလာသည်။

မင်းခန့်က ရန်ပိုင် ခေါင်းကို ဖြတ်ရိုက်ပြီးတော့ " မင်းမလည်း အားတိုင်း မြိုဖို့ပဲ တွေးနေ၊ ပြီးရင် ညကျောင်းကိုကျ ပုံမှန် တက်ဖို့ မတွေးထားနဲ့၊ အားနေ ပြေးနေ "

"ဟုတ်တယ် မင်း ခနခန ညကျောင်း ပြေးနေလိုက်၊ ဟိုနေ့က မင်းအမေတောင် ငါ့ကို ပြောသေးတယ် " မြတ်သျှင်မောင်ကပါ ဝင်ပြောလေသည်။

ရန်ပိုင်က တဟဲဟဲလုပ်နေတာကြောင့် မင်းခန့်နဲ့ မြတ်သျှင်မောင်က ခေါင်းငုံ့ကာ စာပြန်ရေးနေတာကြောင့် သူတို့က ယဲ့ယဲ့လေး ပျက်သွားတဲ့ ရန်ပိုင်ရဲ့ မျက်နှာကို မမြင်လိုက်ပါပေ။

သူတို့က ဆရာအိမ်စာပေးထားတဲ့ အိမ်စာတွေကို အမြန်ကူးရင်း စာအပြီးလုပ်နေကြသည်။

" မင်းခန့် ငါ့ကို နည်းနည်းပြဦးကွ အောက်နားလေးပဲ " မြတ်သျှင်မောင်က မင်းခန့်ပခုံးကို လှမ်းဆွဲကာ ပြောလေသည်။

" မင်းကတော့လေ ဥဒေါင်းညိုမရှိမှ သူငယ်ချင်းတွေကို သတိရတတ်တဲ့ ကောင်ပဲ ကြည့်စမ်းပါဦး ကျွတ် ကျွတ် " မင်းခန့်က စာအုပ်ကို ပြရင်း ပြောလေသည်။

" မင်းတို့ဆီက တရုတ်မြန်မာစပ် လက်ရေးကို ကြည့်ရတာထက် ငှက်ကောင်လက်ရေးက ပိုလှတာဆိုတော့ မတတ်နိုင်ပါ ၊ ဟေ့ကောင် မင်းဟာက အဖြေလည်း မပါဘူး "

မင်းခန့်က အပုဒ်တိုင်းကို အဖြေရအောင်မတွက်ထားဘဲ အပေါ်ပိုင်းလေးသာ ကပ်သတ်တွက်ထားသည်။

"ငါက ဆရာတွက်တုန်းက ကူးထားတာကို။ ပြီးအောင် မင်းတို့ဘာသာ တွက်လေ "

ထိုစဉ် ဆရာမှ "ကဲ ကဲ တွက်ပြီးရင် အဖြေတိုက်ကြမယ် ၊ နံပါတ် နှစ်ဆယ့်တစ်က အဖြေရှင်းတာ ဘယ်လောက်ရသလဲ ?" ဟု မေးလေသည်။

" 2.33 ပါ ဆရာ " ကောင်မလေးတစ်ယောက်က ဖြေလေသည်။

ထိုအခါတွင် ကျောင်းသားတစ်ယောက်က " ဆရာ သားအဖြေက 2.12 ပဲ ရတယ် ဆရာ "

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Donde viven las historias. Descúbrelo ahora