အပိုင်း(၉) ငှက်တစ်ကောင်က နည်းနည်းလေး သဝန်တိုနေတယ်

408 53 7
                                    


《ငှက်တစ်ကောင်က နည်းနည်းလေး သဝန်တိုနေတယ်

ကြာသပတေးနေ့၏ နံနက်ပိုင်းအချိန်က အင်္ဂလိပ်စာအချိန်ဖြစ်လေသည်။

မိုးအေးအေးနှင့် သူတို့ကျောင်းသားများသည် အင်္ဂလိပ်စာသင်နေကြရာ တချို့တစ်ဝက်လောက်က ငိုက်မြည်းနေကြလေသည်။ တချို့တွေကလည်း အလွန်အမင်းတက်ကြွစွာဖြင့် သင်ယူနေကြလေသည်။ မြတ်သျှင်မောင်သည် ထိုအချိန်တွင် အနည်းငယ်အိပ်ငိုက်နေတာကြောင့် သူက ခိုးသမ်းနေရလေသည်။ ထိုအရာကို မြင်သောအခါ ဥဒေါင်းညိုက တခစ်ခစ်နဲ့ ခိုးရယ်လေသည်။ ထိုအရာကို မြတ်သျှင်မောင်က မြင်သောအခါတွင် " မင်း သေချင်နေလား" ဟု အသံတိတ်ပြောလျက် မြတ်သျှင်မောင်က ဥဒေါင်းညို၏ခြေထောက်ကို လှမ်းကန်လေသည်။ဥဒေါင်းညိုက ဝတုတ်ကို ဆက်စချင်ပေမဲ့ ဆရာက ကြည့်နေတာကြောင့် သူက ခုံအောက်ကနေ ပြန်ခုခံဖို့သာ တတ်နိုင်သည်။

ဒီနေ့တော့ ရှေ့တန်းက တစ်ယောက်က ကျောင်းမလာတာကြောင့် မြတ်သျှင်မောင်က ရှေ့တန်းတက်ကာ ရန်ပိုင်တို့နှင့်အတူ ထိုင်နေခြင်းဖြစ်ကာ ဥဒေါင်းညိုက မြတ်သျှင်မောင်နောက်ကနေ တောက်လျှောက်စနောက်နေလေသည်။

အင်္ဂလိပ်စာအချိန်တွင် တစ်မိနစ်က သုံးနာရီလောက်ကြာနေသယောင်ထင်နေရသည်။ ဆရာကလည်း သိပြီးသားအကြောင်းကိုသာ ထပ်ခါထပ်ခါရှင်းပြနေတာကြောင့် သူတို့အားလုံးက ပျင်းနေတာကြောင့် ဆရာက စာထမေးလေသည်။

" The calender ကို သင်ထားတာ ကြာပြီဆိုတော့ အဲအခန်းကို ပြန်စစ်လိုက်ရအောင် "

ဆရာ စာမေးမည်ဟု ပြောလိုက်သည်နှင့် တစ်တန်းလုံး၏ အိပ်ငိုက်နေတဲ့ စိတ်က တိုက်ဖွန်းမုန်တိုင်းနဲ့ ပါသွားတဲ့ အိမ်ငယ်လေးထက်တောင် အလင်းရဲ့အလျင်ကတောင် ထိုအိပ်ချင်စိတ်ထက် မြန်မြန်ပျောက်သွားနိုင်မည်မဟုတ်တော့ပေ။ စာဆိုတာ သင်ပြီးတာနဲ့ စာအုပ်ပိတ်တတ်သော သူတို့သည် ဆရာစာမေးခါမှ စာအုပ်ကို အသည်းအသန်ကောက်လှန်ကြတော့သည်။

" ဟဲ့ ဟဲ့ လုပ်ကြဦး အဲတာ ဘယ်အခန်းလဲ ? " ရန်ပိုင်က မြတ်သျှင်မောင်ကို မေးလေသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now