" မင်းတို့ နှစ်ယောက် !!! "
မြတ်သျှင်မောင်က စိတ်ဆိုးစွာ အော်လာသည်။ သူက စိတ်ဆိုးရလွန်းလို့ အငွေ့တောင် ပျံတော့မလား အောက်မေ့ရသည်။ မင်းခန့်နဲ့ ရန်ပိုင်က သူ့ကို ညကျောင်းက ဘော်ဒါဆောင်ဆီကို ခေါ်လာခဲ့ခြင်းဖြစ်လေသည်။ ခေါ်လာတာကလည်း ညကျောင်းအနောက်ဖက်က တံခါးပေါက်ကို ဖြစ်ပြီးတော့ ထိုတံခါးပေါက်ကို ပုံမှန်နေ့တွေဆိုရင် ညနေ ၆ နာရီကျော်တာနဲ့ သော့ပိတ်ထားခြင်း ဖြစ်သည်။ ဘော်ဒါဆောင်နေ ကျောင်းသားတွေခိုးထွက်မှာ စိုးတာကြောင့် ဖြစ်သည်။ ခိုးထွက်တာမိသွားရင် ဆရာမကြီးက သူတို့ကို ကြိမ်လုံးစာကျွေးမှာ ဖြစ်သည်။ အဲတာကို ဒီနှစ်ယောက်က သူ့ကို ခိုးဝင်ဖို့ ပြောနေလေသည်။
" ဝင်သွားလိုက်စမ်းပါ ၊ ဒီည ကျောင်းသားတော်တော်များများက အိမ်ပြန်ကြတယ်တဲ့။ ဥဒေါင်းညိုနဲ့ တစ်ခြားနယ်ဝေးကျောင်းသားနည်းနည်းပဲ ကျန်ခဲ့တာတဲ့။ "
" မင်းတို့က ဘယ်လိုလုပ်သိတာလဲ ?"
ရန်ပိုင်က မောင်မြတ်သာဦးတို့ကို မေးထားသော စာတိုများကို ပြလေသည်။ " မင်းလည်း တွေ့ချင်နေတာ မဟုတ်ဘူးလား ? သွားစမ်းပါ၊ မင်း ဥဒေါင်းညိုအခန်းကို သိတယ်မလား ? "
မြတ်သျှင်မောင်က သွားလည်း သွားချင်၊ မသွားလည်း မသွားရဲဖြစ်နေလေသည်။ ဆရာမကြီး မိသွားရင် သူက ဘယ်လိုများ ရှင်းပြရပါ့မလဲ။ အဲထက် ပိုဆိုးတာက သူက ဘယ်လိုများ ဥဒေါင်းညိုကို ပြောရပါ့မလဲ ။ ကျောင်းမှာအပြင် ညကျောင်းမှာလည်း တွေ့နေရတာကို သီတင်းကျွတ်ရက်လေး နည်းနည်းမတွေ့ရတာကို သူက ညဖက်ကြီး လာတွေ့ရင် သူက ဘယ်လိုများအကြောင်းပြချက်ပေးရပါ့မလဲ ။
တော်ကြာနေလျှင် ငှက်ကောင်က သူ့ကို ကြိုက်နေတယ်လို့ ထင်သွားမှာလည်း စိုးရသေးသည်။ လူရမ်းကားကောင်က လိုရာကို သိပ်ဆွဲတွေးတတ်သည် ။
" ကဲ သွားမှာလား မသွားဘူးလား ? ငါ မြတ်သာဦးကို တံခါးလာဖွင့်ခိုင်းထားတယ် "
"ငါ...ငါ သူ့ကို ဘယ်လိုသွားတွေ့ရမှာလဲဟ ညဖက်ကြီး လာတွေ့ရင် ဘာလို့လာတွေ့တာလဲမေးရင် ဘယ်လိုလုပ်မလဲ ? "
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction