" မြတ်သျှင်မောင် ငါပြောတာကို နားထောင်ပေးပါဦးကွာ "
အပြေးလေးထွက်သွားတဲ့ မြတ်သျှင်မောင်ကို ဥဒေါင်းညိုက လှမ်းဆွဲလိုက်သည်။ခြေတိုတိုလေးတွေပဲ ရှိတဲ့ မြတ်သျှင်မောင်က အပြေးလေးသွားရင်တောင် ဥဒေါင်းညိုက နွေအရိပ်ဆိုင်ကနေ သုံးလမ်းကျော်အဝေးလောက်မှာရှိတဲ့ မယ်ဇင်တန်းကို ရောက်တော့ မှီသွားချေသည်။ လက်မောင်းအိအိလေးကို ကိုင်ကာ ရပ်တန့်စေတော့ မြတ်သျှင်မောင်က လည်ပြန်ကြည့်လာသည်။
မျက်တောင်ရှည်တို့က စိုရွှဲနေလေသဖြင့် မျက်ဝန်းတစ်စုံက ပုံမှန်ထက်ပိုတောက်ပနေသော်လည်း အကြည့်တို့က ပျော်မြူးခြင်းစိုးစဉ်းမျှမပါချေ။
" မင်း ပြောမယ်ဆို ပြော၊ ငါ နားထောင်မယ် "
မြတ်သျှင်မောင်က သူ့ကိုအခွင့်အရေးပေးသည်။မြတ်သျှင်မောင်ကိုယ်တိုင်ကလည်း သိချင်သည်။ ထို့ထက် ပွင့်ပွင့်လင်းလင်း မပြောတဲ့ ဆက်ဆံရေးထဲမှာ ပိတ်မမိနေချင်။ တစ်စုံတစ်ခုကို သေချာရှင်းလင်းသွားရင် ဆက်လက်လုပ်ရမည်ကိုလည်း ပြတ်ပြတ်သာသားဆုံးဖြတ်ချင်သည်။
" ဒါတွေအကုန်လုံးက မင်း အထင်လွဲနေသလို မဟုတ်ဘူးဆိုတာကိုတော့ ငါ အရင်ဆုံးပြောပါရစေ ....''
" မင်းနဲ့ ပတ်သက်ပြီး အထင်လွဲနေတာ ဘာမှ မရှိဘူး။ ဒီတိုင်း မင်း ပြောပြတာကို နားထောင်နေမှာ "
" ဒါပေမဲ့ မင်း ငါ့အပေါ်ပိုလို့တောင် အထင်မှားသွားနိုင်မယ်ဆိုရင်ရော ငါ...."
ထပ်ပြီး တွန့်ဆုတ်နေသေးတဲ့ ဥဒေါင်းညိုကြောင့် မြတ်သျှင်မောင်က
" ရိုးရှင်းတဲ့အကြောင်းအရာလေးကိုတောင် ငါ့ကို မပြောပြနိုင်ဘူးဆိုရင် နောက်ထပ် ငါတို့ရင်ဆိုင်ရမယ့် အကြောင်းအရာတွေကိုဆိုရင် မင်းငါ့ကို ပြောနိုင်ပါဦးမလား ....ငါကရော အဲအခါကျရင် မင်းကို နားလည်ပေးနိုင်ပါဦးမလား...... "
မြတ်သျှင်မောင်၏ မျက်ဝန်းတွေကို ကြည့်လိုက်တော့လည်း တိကျပြတ်သားနေမှုကို တွေ့လိုက်ရသည်။ ဥဒေါင်းညိုက သက်ပြင်းအသာချလိုက်သည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction