" ကျောင်းစည်းကမ်းတွေအထဲမှာ ကျောင်းတွင်းရည်းစားမထားရဆိုတဲ့ စည်းကမ်းချက်ပါတယ်ဆိုတာကို ကျောင်းသားကျောင်းသူတိုင်း ကျောင်းအပ်စဉ်ကတည်းက သိကြပြီးပြီလို့ ဆရာကြီး ယူဆတယ်။ ဒီအချက်ကိုလည်းကျောင်းသူ ကျောင်းသားတိုင်းက သိကြောင်းကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်တယ်။ ဆရာကြီးတို့အနေနဲ့ ဒီလိုအရွယ်မှာ ဆယ်ကျော်သက်သဘာဝ တစ်ယောက်နဲ့ တစ်ယောက် ရည်ငံကြတာက တားဆီးမရမှန်း သိကြပါတယ်။ သို့ပေမဲ့ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ စကားပုံလည်း ရှိတယ်မလား ? အခု သားနဲ့ သမီးက ဒသမတန်း ကျောင်းသားတွေ၊ ဒီကျောင်းမှာ အတန်းအကြီးဆိုလည်း သားတို့ သမီးတို့ပဲ ၊ ကျန်တဲ့ကလေးတွေက မင်းတို့ကိုပဲ အတုယူပြီး ရှေ့ဆက်လာနေတာဖြစ်တာကြောင့် အခုကိစ္စက မင်းတို့ရဲ့ သိက္ခာကို မင်းတို့ဘာသာချလိုက်သလိုပါပဲ။ ပြီးတော့ မင်းတို့ကိုယ်တိုင်ကလည်း ဒီကျောင်းရဲ့ ထိပ်ဆုံးအတန်းဖြစ်တဲ့ တန်းခွဲအေက ဖြစ်တာက အများကြီးကို စိတ်မကောင်းဖြစ်စေတယ်။
ပြီးတော့ နောက်တစ်ချက်က မင်းတို့ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ရောက်ဖို့က နှစ်ဝက်သာကျန်တော့တယ်။ ဆရာကြီးတို့အနေနဲ့ ဆယ်တန်းက ဘဝကြီးလို့ မပြောလိုသေးပေမဲ့ ဆယ်တန်းပြီးမှ မိမိသွားလိုရာ ခရီးကို ပိုမိုဖြောင့်ဖြူးစွာ သွားနိုင်မယ်ဆိုတာ မင်းတို့အနေနဲ့ စိတ်တွင်းက သိထားစေလိုတယ်။ ဆယ်တန်းကျောင်းသားဆိုတာ လူ့လောကကို နားလည်စပြုနေတဲ့ အရွယ်လို့ ဆရာကြီးက ယူဆထားတာကြောင့် မင်းတို့အနေနဲ့ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်နိုင်မယ်လို့မျှော်လင့်တယ်။
မင်းတို့ဘဝက ဆက်လျှောက်ရမှာ အများကြီး ကျန်သေးတယ်။ အခုလို အမှုကိစ္စတွေကြောင့် ဆရာကြီးလည်း စိတ်မချမ်းမြေ့ဖြစ်ရတယ်။ ကျောင်းဆိုတာ ပညာဆည်းပူးတဲ့ နေရာတစ်ခုပဲ ဖြစ်စေချင်တာကြောင့် ဆရာကြီးအနေနဲ့ မင်းတို့ကို စံနမူနာအနေနဲ့ အပြစ်ပေးရလိမ့်မယ် ၊ နှစ်ဖက် ကျောင်းသားမိဘများကိုလည်းခေါ်ထားပြီးဖြစ်တယ်။ "
ကျောင်းအုပ်ဆရာကြီးက ကျောင်းတွင်းချိန်းတွေ့သော ကျောင်းသားနှင့် ကျောင်းသူတို့ကို ဆုံးမစကားပြောနေစဉ်တွင် ဥဒေါင်းညိုကလည်း သူတို့၏ မိဘများကို ရုံးခန်းသို့ ခေါ်လာခဲ့ရသည်။ ဆရာကြီးက ထိုနှစ်ဦး၏ မိဘများကိုပါ ဆက်လက်၍ ပြောဆိုပြီးနောက် သူတို့နှစ်ယောက်လုံးကို ကျောင်းတစ်ပတ်နားလိုက်သည်။ ထိုကျောင်းသားများပြန်သွားသောအခါတွင်ဥဒေါင်းညိုနှင့်ဆရာမများသာ ကျန်လေသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction