မြတ်သျှင်မောင်နှင့် ဥဒေါင်းညိုတို့နှစ်ယောက်စလုံးက မမျှော်လင့်ထားသော ဧည့်သည်ကြောင့် လန့်သွားမိလေသည်။တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးအကြည့်ချင်းဆုံလိုက်သောအခါတွင် သူတို့က လှုပ်ရန်ပင် မဝံ့တော့ချေ။ ဆရာမကြီးသာ မိသွားရင်တော့ နှစ်ယောက်စလုံးကတော့ ပြသနာတွေတက်ရချည်ရဲ့။ အထူးသဖြင့် ခိုးဝင်လာတဲ့ မြတ်သျှင်မောင်က ဘယ်လိုများအကြောင်းပြချက်ပေးရပါ့မလဲ ။
" ဘယ်လိုလုပ်ကြမလဲ ? " မြတ်သျှင်မောင်က ခပ်တိုးတိုးမေးလိုက်သည်။
ဥဒေါင်းညိုလည်း ကြံရာမရဖြစ်နေလေသည်။ လမ်းတစ်ပြန်လျှောက်စရာနေရာကျဉ်းကျဉ်းလေးပဲ ကျယ်တဲ့အခန်းက မျက်စိတစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဆရာမက မြတ်သျှင်မောင်ကို မြင်သွားမှာပဲ။ ကုတင်အောက်ကို ဝင်ပုန်းခိုင်းရလောက်တဲ့အထိကလည်း မြတ်သျှင်မောင်က သေးသေးကွေးကွေးလေး မဟုတ်တာကြောင့် သူက ကြံရာမရဖြစ်နေလေသည်၊။ မြတ်သျှင်မောင်က မျက်နှာသေးသေးလေးနဲ့ သူ့ကို အားကိုးတကြီး ကြည့်နေတော့ ပိုဆိုးသည်။ ဥဒေါင်းညို ပထမဆုံးအနေနဲ့ မြတ်သျှင်မောင်ကို လူသေးသေးလေး ဖြစ်ခိုင်းစေချင်လာလေသည်။
" ဥဒေါင်းညို သားရေ ပြသနာတစ်ခုခုရှိလို့လား? " ဆရာမကြီးက နောက်တစ်ခေါက်ထပ်မေးလာသည်။ ခြံစောင့်ဦးလေးကြီးက ဘော်ဒါဆောင်နောက်ဖက်မှာ ကျောင်းသားတွေကို တွေ့သည်ဟု ပြောတာကြောင့် ဆရာမကြီးက အခန်းများကို လိုက်လံစစ်ဆေးနေလေသည်။ သူက ဥဒေါင်းညိုအခန်းသို့ရောက်သောအခါတွင် ဆူဆူညံညံအသံတေကြားတာကြောင့် သူက စစ်ဆေးဖို့ အခန်းကို ဖွင့်ခိုင်းလိုက်သည်။
ကလစ် ဥဒေါင်းညိုက ပိတ်ထားသော အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
၁၈၀ စင်တီမီတာမြင့်တဲ့ ကျောင်းသား၏ အရပ်က တံခါးကိုတောင် ထိလုမတတ်ပါဘဲ။ အခန်းမီးပိတ်ထားတာကြောင့် ရှည်မျောမျောအရိပ်က ကြမ်းပြင်ပေါ်သို့ ကျနေလေသည်။ ဆရာမက ကျောင်းသားကို မော့ကြည့်လိုက်သည်။ ယုံကြည်ချက်အပြည့်နဲ့ သူမ၏ ထိပ်တန်းကျောင်းသားက သူမကို ယဉ်ကျေးစွာ ပြုံးပြလာသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction