အပိုင်း(၄၅)ဘုန်းကြီးကျောင်းကနေအစ သံသရာအဆုံး မင်းလက်လေးပဲ တွဲကာ သွားချင်တယ်

398 27 1
                                    

ခရစ်စမတ်ပြီးသွားပြီဖြစ်သော်လည်း လမ်းတွင် အနီရောင်မီးပုံးလေးများ ချိတ်ဆွဲထားကြဆဲဖြစ်လေသည်။ ဘုရားကျောင်းရှေ့တွင် ဆန်တာကလော့ပုံစံရုပ်ထုကြီးကိုတောင် ချိတ်ဆွဲထားကြဆဲဖြစ်သော်လည်း နှစ်သစ်ကူးခါနီးပြီဖြစ်တာကြောင့် လူတိုင်းက စိတ်လှုပ်ရှားက ပျော်ရွှင်နေကြလေသည်။ ဈေးဝယ်စင်တာများနှင့် ဈေးများတွင် လူများက ကြိတ်ကြိတ်တိုးနေလေသည်။

လိုချင်တာ ရသွားတဲ့ မြတ်သျှင်မောင်က ခုန်ဆွခုန်ဆွဖြင့် ဥဒေါင်းညိုနောက်ကနေ လိုက်လာခဲ့သည်။ မြတ်သျှင်မောင်က အိမ်အထိတောင် မစောင့်ဘဲ လမ်းမှာတင် မုန့်ကို ဖောက်စားနေလေသည်။

ထို့အပြင် ယနေ့ညတွင် ရန်ကုန်မြို့၏အထင်ကရနေရာများတွင် ဂီတဖျော်ဖြေပွဲများရှိနေလေသည်။ ဥဒေါင်းညိုသည် မြတ်သျှင်မောင်ကို ထိုပွဲများကို သွားလိုသလားဟု မေးခဲ့သော်လည်း မြတ်သျှင်မောင်က ထူးထူးခြားခြားဝါသနာမပါဘဲ သူ့ကို တရုတ်တန်းကိုသာ ခေါ်သွားဖို့ ပြောနေလေသည်။ သို့သော်လည်း ထိုအစီအစဉ်က လျင်မြန်စွာပင် ပယ်ချခံလိုက်ရသည်။

"   ရေချိုးလိုက်ဦး ။ ပြီးရင် သွားစရာရှိတယ် " ဥဒေါင်းညိုက သူ၏အိမ်သို့ ရောက်သောအခါတွင် မြတ်သျှင်မောင်ကို ရေချိုးခိုင်းလေသည်။

"  အေးတယ် ၊ အပြင်မှာ အပူချိန်က ၁၉ပဲရှိတာလေ ငါ့ကို အေးခဲပြီးသေစေချင်နေတာလား ?" မြတ်သျှင်မောင်က အကျောက်အကန်ငြင်းကာ အပြင်က ရောက်ရောက်ချင်းကို ဥဒေါင်းညိုအိပ်ယာပေါ်တက်ကာ မုန့်စားနေလေသည်။
ဥဒေါင်းညိုက မြတ်သျှင်မောင်ကို အကြည့်စူးစူးတစ်ချက်ပေးလိုက်ပြီး

" မင်းဘာသာမင်း ရေသွားချိုးမလား ? ငါ မင်းကို ဂုတ်ကနေ ဆွဲသွားတာလိုချင်တာလား  ? ဒါမှ မဟုတ် ချွေးထွက်သွားအောင် လေ့ကျင့်ခန်းအပြင်းစားတစ်ခု လုပ်ပေးရမလား ?"

မြတ်သျှင်မောင်က လျင်မြန်စွာ သဘောပေါက်သွားပြီး သူက မျက်နှာနီနီနဲ့ အခန်းထဲကနေ ထွက်ပြေးသွားလေသည်။ မသွားခင် အော်ပြောလိုက်သေးသည်။ " မင်း အရမ်းနှာဘူးကျလာတာပဲ "

မြတ်သျှင်မောင် ရေချိုးပြီး အခန်းထဲ ပြန်ဝင်လာတော့ ဥဒေါင်းညိုက ငှက်ခါးရောင် ရှပ်အင်္ကျီလက်တိုကို ရခိုင်ပုဆိုးဖြင့် တွဲဖက်ဝတ်ဆင်ထားလေသည်။ ထို့အပြင် စာကြည့်မျက်မှန်လေးထောင့်ပါးပါးလေးကို တပ်ထားသေးသည်ဖြစ်ရာ ပိုလို့တောင် တည်ငြိမ်ရင့်ကျက်သည့်အသွင်ဖြစ်လေသည်။ ဥဒေါင်းညို၏ ၁၈၈စင်တီမီတာမြင့်သော အရပ်အမောင်း၊ အသင့်အတင့်ရှိသော ကြွက်သားများကြောင့် မြန်မာပုဆိုးနှင့်ရှပ်အင်္ကျီကို ဆင်မြန်းထားသောအခါတွင် အလွန်အမင်းကျက်သရေရှိလေသည်။ မျက်ခုံးထူထူ နှာတံထင်းထင်းနှင့် တောက်ပနေသော မျက်ဝန်းများက  အထက်တန်းကျောင်းသားလေးဖြစ်တာတောင် လူမှုကွန်ယက်တွင် မဒီချောများ ဝန်းရံနေရသည်အထိ ဥပဓိရုပ်ဖြောင့်လေသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 01, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Donde viven las historias. Descúbrelo ahora