Unicode
မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဟောပြောပွဲ ကျောင်းသားတွေကို အုပ်စုလိုက်ခွဲကာ အပြန်အလှန်ဆွေးနွေးစေသည်။ ထိုအထဲတွင် ကျောင်းသားကောင်စီအဖွဲ့ဝင်တစ်ယောက်ချင်းစီက မီးသတ်အဖွဲ့ဝင်တွေနဲ့ပေါင်းကာ သရုပ်ပြသင်ကြားလေသည်။ ဥဒေါင်းညိုက မြတ်သျှင်မောင်ပါတဲ့ အုပ်စုကို ပြောင်းပေးရန် တခြားကျောင်းသားကောင်စီအဖွဲ့ဝင်တစ်ယောက်နှင့် လဲလိုက်သည်။ ဥဒေါင်းညို သတိထားမိသလောက် မြတ်သျှင်မောင်က မင်းခန့််အနားကို ပိုကပ်နေပြီးတော့ မျက်နှာညှိုးနေသယောင်ရလေသည်။ တစ်ဖွဲ့မှာ ၁၀ ယောက်စီရှိကြပေမဲ့ ဥဒေါင်းညိုက တခြားအဖွဲ့ရောက်လာသောအခါတွင် အတန်းထဲက တခြားကောင်မလေးတွေက သူ့အုပ်စုကို ပါဝင်လိုကြောင်း တောင်းဆိုကြတာကြောင့် သူ့အဖွဲ့တွင် လူက ပိုများလာလေသည်။ ထို့ကြောင့် အတွဲ(၁)မှ ကျောင်းကောင်စီအဖွဲ့ခေါင်းဆောင်က သူ့ကို လာကူလေသည်။ (အတွဲ(၇)က ဘိုင်အိုကျောင်းသားတွေကိုပြောတာဖြစ်ပြီး အတွဲ(၁)က အီကိုကျောင်းသားတွေကို ပြောတာပါနော် )
အုပ်စုထဲကိုပင် တစ်ဝက်စီရှင်းပြရတာကြောင့် အတွဲ (၁)ကျောင်းသားကောင်စီခေါင်းဆောင်က မြတ်သျှင်မောင်တို့ကို ရှင်းပြရလေသည်>
" မင်းက တန်းခွဲ ( A ) ကမလား ? မင်း နာမည်ဘယ်လိုခေါ်လဲ "အတွဲ (၁)ကျောင်းသားကောင်စီခေါင်းဆောင်က မြတ်သျှင်မောင်ကို မေးလေသည်။
" မြတ်သျှင်မောင် "
" ငါ့နာမည်က ပိုင်ဇင်ကျော်ဝိုင်း ၊ မင်းနဲ့ ငါက တစ်လမ်းကျော်ပဲ ကွာတာလေ ၊ ငါ မင်းကို ကျောင်းသွားတိုင်း မြင်တယ် "
" မင်းနာမည်ကလည်းရှည်လိုက်တာ " မြတ်သျှင်မောင်က နာမည်အရှည်ကြီးကို မှတ်နေရင်း ပြောလေသည်။
" သူများတွေတော့ ကိုပိုင်၊ ဒါမှမဟုတ် ကိုဝိုင်းလို့ခေါ်ကြတာပဲ " ပိုင်ဇင်ကျော်ဝိုင်းက ပြောပြလေသည်။
" ငါထင်တာတော့ ကျော်ကြီးလို့ ခေါ်ကြမယ် ထင်တယ် "
ဥဒေါင်းညိုက မြတ်သျှင်မောင်နဲ့ ပြုံးရယ်ကာ စကားပြောနေတဲ့ ပိုင်ဇင်ကျော်ဝိုင်းကို မျက်စိစပါးမွှေးစူးလာလေသည်။ သူက စူးစိုက်ကြည့်နေတာကြောင့် ရှင်းပြရန်ပင် မေ့နေလေသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction