Unicode" အတန်းခေါင်းဆောင် မင်းကို ကျောင်းအုပ်ကြီးက လာခဲ့ဦးတဲ့ " အခြားတန်းခွဲတစ်ခု၏ ခေါင်းဆောင်က အတန်းပိုင်ဆရာမဆီကို အလှည့်ကျ လက်မှတ်ထိုးစာရင်းလာကောက်ရင်း ပြောလေသည်။
နောက်ဆုံးတန်းတွင် ထိုင်ကာ စာတွက်နေသော ဥဒေါင်းညိုက " လာခဲ့မယ်" ဟု ပြောလိုက်ပြီးတော့ သူက ဆက်ရေးနေလေသည်။ ဒီနေ့တော့ မြတ်သျှင်မောင်က နောက်ဆုံးတန်းကို ပြန်ရောက်လာပြီဖြစ်သည် ။ မနက်စောစောကျောင်းရောက်လာတဲ့ မြတ်သျှင်မောင်တို့ တစ်တွေက ညက ကြည့်ခဲ့တဲ့ ဇာတ်လမ်းအကြောင်းကို တွတ်ထိုးပြောနေကြတုန်းဖြစ်ကာ ဆရာမ စာရေးထားသည်ကို ကူးလိုက် စကားများလိုက်လုပ်နေသည်။ ဥဒေါင်းညိုက စာရေးပြီးသောအခါတွင် စကားများနေသော မြတ်သျှင်မောင်ခေါင်းကို တစ်ချက်ထုထည့်လိုက်သည်။
"စာမြန်မြန်ကူး"
မြတ်သျှင်မောင်က ဥဒေါင်းညိုကလက်ကို ပုတ်ထုတ်လိုက်ပြီးတော့ " မင်း သေချင်နေတာလား "
" မသေချင်သေးပါဘူး ကျောင်းအုပ်ကြီးခေါ်တာသွားရဦးမယ် "
"သွား သွား ပြန်မလာနဲ့ " မြတ်သျှင်မောင် ဥဒေါင်းညိုက တွန်းထုတ်ရင်း ပြောလေသသည်။ ဥဒေါင်းညိုက သူ့ကိုအတင်းတွန်းထုတ်နေတဲ့ မြတ်သျှင်မောင်ကြောင့် သူက မြတ်သျှင်မောင်၏ ခါးတုတ်တုတ်လေးကို ဆွဲညှစ်ပစ်လိုက်ပြီးတော့ " မြန်မြန်သွားပြီး ပြန်လာခဲ့မယ်နော် အချစ်လေး၊ ငါ့ကို လွမ်းပြီး ငိုမနေနဲ့နော် "
မြတ်သျှင်မောင်က ဥဒေါင်းညိုက ပိတ်ကန်လိုက်ပြီးတော့ " ပြန်မလာရင် ပိုတောင် ပျော်ဦးမယ် "
မင်းခန့််နဲ့ ရန်ပိုင်က နောက်တန်းက သူတို့နှစ်ယောက်ကို ပြုံးစစနဲ့ ကြည့်နေတာကြောင့် မြတ်သျှင်မောင်က သူတို့ကိုပါ တစ်ယောက်တစ်ချက်စီချပစ်လိုက်သည်။
ဥဒေါင်းညိုက ကျောင်းအုပ်ရုံးခန်းကို သွားလိုက်ပြီးတော့ ပြန်အလာတွင် သူက ပြိုင်ပွဲနေ့က တွေ့လိုက်ရသောရိုင်ယန်ဆိုတဲ့ ဓာတ်ပုံဆရာကို တွေ့လိုက်သည်။ ရိုင်ယန်က ကျောင်းက စာရေးနှင့် စကားပြောနေပြီးတော့ သူ့ကို မြင်တော့ လာနှုတ်ဆက်လေသည်။ ဥဒေါင်းညိုက သူ့လက်ထဲက ပန်းချီကားကို ထောင်ပြလိုက်ပြီးတော့
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction